Pages

Friday, February 19, 2016

သက်ကြီးစာမတတ်သူ ၆၀၀၀၀ ကျော်ကို ဧပြီ ၁ ရက်မှ ၄၅ ရက်ကြာ အခြေခံစာတတ်မြောက်ရေး အသုံးလုံး သင်ကြားပေးမည်


သက်ကြီးစာသင်ဝိုင်း

ရန်ကုန် ၊ ၁၉-၂-၂၀၁၆

မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့နယ်ပေါင်း ၃ဝ ၌ သက်ကြီး စာမတတ်သူ ၆ဝဝဝဝ ကျော်ကို ဧပြီ ၁ ရက်မှစ၍ ၄၅ ရက်ကြာ အခြေခံ စာတတ်မြောက်ရေး အသုံးလုံး သင်ကြား ပေးသွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ပညာရေး သုတေသနဌာန မှ သိရသည်။

ယင်းကဲ့သို့ သင်ကြားပေး ရာတွင် မြို့နယ် တစ်မြို့နယ် လျှင် စာသင်သား ၁ဝ ဦးစီအတွက် စာသင်ဝိုင်း တစ်ဝိုင်းစီဖြင့် သင်ကြား ပေးမည်ဖြစ်ပြီး အသက် ၂၄ နှစ်နှင့် အထက်ရှိ သူများ တက်ရောက် နိုင်ကြောင်း၊ စာသင်ဝိုင်း တစ်ဝိုင်းလျှင် ဒေသခံ ဆရာမ တစ်ဦးနှင့် တက္ကသိုလ် ဆရာမတစ်ဦး တို့က တာဝန်ယူ သင်ကြား ပေးသွားမည် ဖြစ်သည်။

ထို့ပြင် စာသင်သား စာရင်းကို မြို့နယ် ပညာရေးမှူးများ ဦးဆောင်၍ သက်ဆိုင်ရာရ ပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်းကာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ကတည်းက စတင် ကောက်ခံခဲ့ပြီး ဖြစ်ကြောင်း၊ သင်ကြားချိန်မှာ တစ်နေ့လျှင် သုံးနာရီ ဖြစ်သော်လည်း စာသင်သားများ အားလပ်သည့် အချိန်များတွင် သင်ကြားပေး သွားမည် ဖြစ်သည်။

အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းစဉ်ကို ၁၉၆၄ ခုနှစ် နှောင်းပိုင်းမှ စတင် ဆောင်ရွက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ်မှသာ ပညာရေးဝန်ကြီး ဌာန၏ အစီအစဉ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ်က အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ခဲ့ ရာတွင် မြို့နယ်ပေါင်း ၃ဝ ၌ သက်ကြီး စာမတတ်သူ ၂၉ဝဝဝ ကျော်ကို စာသင်ကြား ပေးနိုင် ခဲ့ကြောင်း သိရသည်။
(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment