Pages

Monday, February 8, 2016

၂၀၁၅ ခုနှစ် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် ပထမဆု ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းအား တံခွန်စိုက်ဆု ပေးအပ်ချီးမြှင့်စဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသင်းလိုက် (အကျောပေး) ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စခန်းမှူးရုံး အသင်းအား ဆုပေးအပ် ချီးမြှင့်စဉ် 

နေပြည်တော် ၊ ၈-၂-၂၀၁၆

၂ဝ၁၅ ခုနှစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီး ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော် ဂေါက်ကွင်း၌ ကျင်းပ ပြုလုပ်သည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော က လိုင်းနှင့်အနီးဆုံး ရိုက်ချက်ဆု ရရှိသူများနှင့် ကျင်းနှင့်အနီးဆုံး  ရိုက်ချက်ဆုရရှိသူများကို လည်းကောင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး က အဝေးဆုံး ရိုက်ချက်ဆု ရရှိသူများ၊ တစ်ဦးချင်း (အကျောပေး) ပြိုင်ပွဲနှင့် တစ်ဦးချင်း (အကျောမဲ့) ပြိုင်ပွဲများတွင် အကောင်းဆုံးဆု ရရှိသူများကို လည်းကောင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲ တာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က Par အများဆုံးဆုနှင့် Birdie အများဆုံးဆု ရရှိသူများ၊ တစ်ဦးချင်း (အကျောပေး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများ ကိုလည်းကောင်း ဆုများ အသီးသီးပေးအပ် ချီးမြှင့်ပြီး ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တစ်ဦးချင်း (အကျောမဲ့) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများ၊ အသင်းလိုက် (အကျောပေး) ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းနှင့် ဒုတိယဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး အသင်း၊ အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် အသင်းနှင့် ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အသင်းတို့ကို ဆုများပေးအပ် ချီးမြှင့်သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အသင်းလိုက် (အကျောပေး) ပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) အသင်းနှင့် အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် ပထမဆု ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်း တို့အား တံခွန်စိုက်ဆုများ ပေးအပ် ချီးမြှင့်သည်။

အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ မြဝတီတေး ဂီတအဖွဲ့က တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြသည်။

နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား ဂေါက်သီးရိုက် အားကစားသမားများ ပေါ်ထွက် လာစေရန်နှင့် တပ်မတော်၏ ဂေါက်သီးရိုက် အားကစား အဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ချက် ဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက် ပြိုင်ပွဲကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ရာ ၂ဝ၁၅ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီး ရိုက်ပြိုင်ပွဲကို ဖေဖော် ဝါရီ ၄ ရက်မှ ၅ ရက်အထိ နေပြည်တော် ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်း တို့တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment