Pages

Monday, February 1, 2016

မန္တလေးဓာတ်ပုံအသင်းမှ လပတ်ပြိုင်ပွဲ ဆုရွေးချယ်



မန္တလေး ၊ ၁-၂-၂၀၁၆

မန္တလေး ဓာတ်ပုံအသင်း၏ လပတ်တံခွန်စိုက် ပြိုင်ပွဲ ပွဲစဉ် (၁၄/၂ဝ၁၅) 'ငွေဆောင်ကမ်းခြေ ရှုခင်းအလှ' ဓာတ်ပုံပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် ဓာတ်ပုံများ ဆုရွေးချယ်ခြင်းကို ဇန်နဝါရီ ၃ဝ ရက် မွန်းတည့် ၁၂ နာရီက မန္တလေးမြို့ ရတနာပုံ စူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေး ဓာတ်ပုံအသင်း ရုံးခန်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများ အတွက် ငွေဆောင်ကမ်းခြေ ရှုခင်းအလှ ဓာတ်ပုံများကို ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မန္တလေးဓာတ်ပုံ အသင်းသူ၊ အသင်းသားများမှ ယှဉ်ပြိုင်ရိုက်ကူး ခဲ့ကြောင်း သိရသည်။

အကြီးတန်း ဓာတ်ပုံပြိုင်ပွဲတွင် ပထမ သန်းထိုက်စိုး(ခ) ဖိုးခွား၊ ဒုတိယ ကိုဟိန်း (ပလိပ်)၊ တတိယ ဖိုးဌေး (လှဂုဏ်ရည်) နှင့် နှစ်သိမ့်ဆုသုံးဆု တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

လူသစ်တန်း ဓာတ်ပုံပြိုင်ပွဲတွင် ပထမ ကိုစိုး(G1)၊ ဒုတိယ သက်ဇော်(Echo) ၊တတိယ ထက်ဝေယံဝင်းသူ နှင့် နှစ်သိမ့်ဆု သုံးဆုတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

အကဲဖြတ်ဒိုင်များ အဖြစ် ဦးသိန်းဌေးမောင် (ဆွေလှသိန်း)၊ ဦးကျော်အောင် (ပေါက်ခေါင်း)၊ ဦးထွန်းမြင့်၊ ညောင်ဦး သန်းဌေး၊ ဦးမောင်မောင်ဦး နှင့် ဦးစောအောင်မင်း (နယူးအာရှ) တို့မှ အကဲဖြတ် အမှတ်ပေး ခဲ့ကြောင်းသိရသည်။

ကိုကျော်ဇော (မန္တလေး)

No comments:

Post a Comment