Pages

Tuesday, February 9, 2016

ဖားကန့်မြို့နယ်တွင် တရားမ၀င် သယ်ဆောင်လက်သည့် ကျပ်သိန်း ၉၀၀ ခန့်တန်ဖိုးရှိ အမိုနီယမ်နိုက်ထရိတ် များ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၉-၂-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၇ ရက်ည ၁၁ နာရီခန့်တွင် ဆိပ်မူကျေးရွာ အုပ်စု၊ မိုးကာကျေးရွာ အနီး ယာဉ်မောင်း မင်းသန်းဦး ၂၅ နှစ်(ဘ) ဦးသန်းနိုင် မောင်းနှင်ပြီး မျိုးလင်း ၂၂ နှစ် (ဘ) ဦးသန်းမောင် တို့ လိုက်ပါလာသော နစ်ဆန်း အမျိုးအစား (အဖြူရောင်) ၁၂ ဘီးယာဉ်ပေါ်မှ မိုးကာဖြင့် ဖုံးအုပ်၍ တရားမဝင် သယ်ဆောင် လာသည့် အမိုနီယမ် နိုက်ထရိတ် တစ်အိတ်လျှင် ၄ဝ ကီလိုဂရမ်ပါ ၆ဝဝ အိတ်နှင့် ယာဉ်မောင်း ဇင်ကိုသက် ၂၂ နှစ် (ဘ) ဦးမောင်ထွေး မောင်းနှင်ပြီး အောင်နိုင်စိုး ၁၇ နှစ်(ဘ) ဦးအောင်ခင် တို့ လိုက်ပါလာသော နစ်ဆန်း အမျိုးအစား (အဖြူရောင်) ၁၂ ဘီးယာဉ်ပေါ်မှ မိုးကာဖြင့် ဖုံးအုပ်၍ တရားမဝင် သယ်ဆောင် လာသည့် အမိုနီယမ် နိုက်ထရိတ် တစ်အိတ်လျှင် ၄ဝ ကီလိုဂရမ်ပါ ၆ဝဝ အိတ်၊ စုစုပေါင်း အမိုနီယမ် နိုက်ထရိတ် ၁၂ဝဝ အိတ်၊ ကာလတန်ဖိုး ကျပ်သိန်း ၉ဝဝ ခန့်အား ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသော တရားခံ၊ ယာဉ် နှင့် အမိုနီယမ် နိုက်ထရိတ် အိတ်များအား ဖားကန့်မြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment