Pages

Wednesday, February 3, 2016

ရေနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ပံ့ပိုးမှုနှင့် တခြားဝန်ဆောင်မှုများကို လူဦးရေ ၁၃၇၀၀၀ အား ကူညီပေးနိုင်ခဲ့



ရန်ကုန် ၊ ၃-၂-၂၀၁၆

မြန်မာနိုင်ငံ၌ ရေဘေးအန္တရာယ် ကျရောက်မှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီး ခြောက်လ အကြာတွင် ရေနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ပံ့ပိုးမှုနှင့် တခြား ဝန်ဆောင်မှု များကို လူဦးရေ ၁၇၃ဝဝဝ အား ကူညီပေးနိုင် ခဲ့ကြောင်း ယူနီဆက်ဖ် (မြန်မာ)မှ သိရသည်။

ထို့ပြင် ယူနီဆက်ဖ် အနေဖြင့် ယာယီကျောင်းဆောင် ၄၆ ကျောင်း နှင့် ကျောင်းပေါင်း ၃၆ ကျောင်းကို ပြန်လည်ပြုပြင် ထူထောင်ရေးများ ဖြင့် ပံ့ပိုးကူညီခဲ့ပြီး ကလေးသူငယ် ဦးရေ ၄ဝဝဝဝ ခန့်ကိုလည်း လူမှု စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက် ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ရေဘေး အန္တရာယ် ကျရောက်မှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီး ခြောက်လတာ ကာလအတွင်း အဆိုးရွားဆုံး ထိခိုက်သွားသည့် ဒေသများ၌ ယူနီဆက်ဖ် မှ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ဆောင်မှု များကို လူဦးရေ ၅ဝဝဝ ကျော်အား ပေးအပ်ခဲ့ပြီး အာဟာရဆိုင်ရာ စစ်ဆေးခြင်း များနှင့် အာဟာရ ဖြည့်စွက်စာ များကို လူဦးရေ ၅ဝဝဝဝ ကျော်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ကလေးသူငယ် များအတွက် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ရန်ပုံငွေ တောင်းခံလွှာ (HAC) မှတစ်ဆင့် ယူနီဆက်ဖ် အနေဖြင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှ ပဋိပက္ခများနှင့် ရခိုင်ပြည်နယ် လူမှု အသိုက်အဝန်း ကြား တင်းမာမှု များကြောင့် ဖြစ်ပေါ်သည့် အရေးတကြီး အသက် ကယ်ဆယ်နိုင်ရေး လိုအပ်ချက်များ အတွက် ပံ့ပိုးကူညီ ခဲ့သည်။ ပထမဆုံး အကြိမ်အဖြစ် သဘာဝဘေး အန္တရာယ် များကြောင့် အန္တရာယ် ဖြစ်နိုင်မှု လျော့ကျရေးနှင့် ရှောင်ကြဉ်နိုင်ရေး တို့အတွက် ရှင်းလင်းမှုများ၊ ကလေးသူငယ် များအား ပိုမို ကောင်းမွန်စွာ အကာအကွယ် ပေးနိုင်ရန်နှင့် အနာဂတ် အရေးပေါ် အခြေအနေများ အတွက် ရန်ပုံငွေ စုဆောင်းခြင်း များလည်း ပါဝင်သည်။ ထို့ပြင် ယခုနှစ် HAC သည် ကလေးသူငယ်နှင့် အမျိုးသမီး ၂၄ဝဝဝဝ ထက်ပိုမိုသော လူဦးရေ၏ လိုအပ်ချက်များကို ဖော်ညွှန်းထားပြီး မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှု များအတွက် အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၉၆ သန်းကို တောင်းဆို ထားသည်။

ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပြန်လည် ထူထောင်ခြင်း၊ ပိုမိုကောင်း မွန် စေရန် ပံ့ပိုးကူညီခြင်းနှင့် ရေဘေးကြောင့် ပျက်စီးသွား ခဲ့သည့် ရေပေးဝေရေး စနစ်များ ပြန်လ ည်ပြုပြင် ပေးခြင်း၊ ရပ်ရွာ အသိုင်းအဝိုင်းရှိ ကျန်းမာရေး စေတနာ့ ဝန်ထမ်းများအား မွေးကင်းစ ကလေးများ အသက်ကယ်ဆယ် နိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းများ ပေးခြင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဌာန များ တည်ဆောက် ပေးခြင်းနှင့် ဆရာ၊ ဆရာမ များအား သင်တန်းများ ပို့ချပေးခြင်း တို့ကိုလည်း ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment