Pages

Monday, February 1, 2016

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပါမိုးနဲကျေးရွာ အနီးရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲကျင်းပမည်



တောင်ကြီး ၊ ၁-၂-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ ဘုရားဖြူ ရပ်ကွက် ၊ ပါမိုးနဲကျေးရွာ အနီး ကုန်းမြေမြင့် ပေါ်၌ တည်ဆောက်လျက် ရှိသည့် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓတက္ကသိုလ် တည်ဆောက်လျက် ရှိသည့် ကုန်းမြေမြင့် ပေါ်တွင် ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အိပ်ဆောင် တစ်ဆောင်၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခ ဆရာတော်များ အိပ်ဆောင် တစ်ဆောင်၊ ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ် စာသင်သား အိပ်ဆောင် အမှတ်(၁)နှင့် အမှတ်(၂) နှစ်ထပ်ဆောင် နှစ်ဆောင်၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဓမ္မာရုံနှင့် ဘုန်းကြီးကျောင်း၊ (၁၃၂x၆၉) ပေရှိ ဗုဒ္ဓ တက္ကသိုလ် ဆွမ်းစားဆောင် နှင့် ဆွမ်းချက်ဆောင် ၊ ပင်မစာသင်ဆောင် တစ်ဆောင်၊ အရှေ့ဘက် အထက်ကုန်း မြေမြင့်ပေါ်၌ စေတီ တစ်ဆူနှင့် (၁၄၉x၁ဝ၉) ပေရှိ ဗုဒ္ဓတက္ကသိုလ် စာကြည့်တိုက်၊ President’s Bungalow တစ်ခု တို့အပြင် အဝင်မုခ်ဦး တို့ကို တည်ဆောက်လျက် ရှိရာ အဆိုပါ တည်ဆောက် နေမှုများထဲမှ ပါမောက္ခချုပ် ဆရာတော် အိပ်ဆောင်၊ ပါမောက္ခ ဆရာတော်များ အိပ်ဆောင်၊ ဗုဒ္ဓတက္ကသိုလ် ဆွမ်းစားဆောင် နှင့် ဆွမ်းချက်ဆောင် တို့ မှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် သောကြောင့် မကြာမီဖွင့်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓတက္ကသိုလ်ကြီး တည်ဆောက် ရာတွင် ဖြူစင် ဆောက်လုပ်ရေး ကုမ္ပဏီ၊ ကောင်းကင်ြ ဖူ ဆောက်လုပ်ရေး ကုမ္ပဏီ၊ အောင်ချမ်းသာ ဆောက်လုပ်ရေး ကုမ္ပဏီ၊ မြနန္ဒာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီနှင့် Zing Gateway Construction Co., Ltd တို့က ရှမ်းပြည်နယ် စည်ပင် သာယာရေး ကော်မတီ၊ တောင်ကြီးမြို့နယ် စည်ပင် သာယာရေး ကော်မတီ တို့၏ ကြီးကြပ်မှုဖြင့် တာဝန်ယူ ဆောက်လုပ်လျက် ရှိကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၏ တာဝန်ခံ တစ်ဦးထံမှ သိရသည်။ (၁၇၅)

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment