Pages

Monday, February 8, 2016

ငါးနှစ်အတွင်း အခြေခံပညာကျောင်းများရှိ ဆရာ ဆရာမဦးရေ ၉၀၀၀ ကျော်ကို ပြည်ပသို့ ပညာတော်သင် စေလွှတ်နိုင်ခဲ့


ရန်ကုန် ၊ ၈-၂-၂၀၁၆

၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ  ငါးနှစ်တာအတွင်း အခြေခံပညာ ကျောင်းများရှိ ဆရာ၊ ဆရာမဦးရေ ၉ဝဝဝ ကျော်ကို ပြည်ပသို့ ပညာတော်သင် စေလွှတ် နိုင်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဆရာ၊ ဆရာမများထဲမှ ပညာထူးချွန်သူ များအတွက် ပညာ တော်သင်ဆု အစီအစဉ်များ ကိုလည်း ပြုလုပ်ပေး နိုင်ခဲ့ပြီး ပညာတော်သင် ဆုကို ဆရာ၊ ဆရာမဦးရေ ၇၆ဝဝ ကျော် ရယူနိုင်ခဲ့ပြီး ပညာတော်သင် ဦးရေ ၉ဝဝဝ ကျော်ကို ပြည်ပသို့ စေလွှတ် နိုင်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်း များအား ပြည်ပသို့ ပညာတော်သင် စေလွှတ်ရာတွင် ၂ဝဝ၂ ခုနှစ်မှစ၍ ပြည်ပ၌ ပညာသင်ကြား ပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာရန် ပျက်ကွက်ပါက ပညာသင် အာမခံ လျော်ကြေးငွေ ကျပ် ငါးသန်း တိတိကို ကာယကံရှင်မှ သော်လည်းကောင်း၊ ၄င်း၏ မိသားစုဝင် များမှ သော်လည်းကောင်း ပေးလျော်စေရန် ကတိခံဝန်ချက်တွင် လက်မှတ် ရေးထိုး၍ စေလွှတ်သည့် အစဉ်အလာ ကျင့်သုံးခဲ့ သည်ကိုလည်း ပယ်ဖျက်ပေး နိုင်ခဲ့သည်။

နိုင်ငံတော် အနေနှင့် နိုင်ငံ့ဝန်ထမ်း များ၏ ပညာသင် အခွင့်အလမ်းများ ပိုမိုတိုးများ လာရေးအတွက် အားပေး အားမြှောက် ပြုသည့်အနေ ဖြင့်လည်းကောင်း၊ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိပြီးနောက် မိမိ သင်ယူတတ် မြောက် လာသည့် ပညာဖြင့် နိုင်ငံတော်ကို အလုပ်အကျွေး ပြုနိုင်ရေး အတွက် ရည်ရွယ်၍ လည်းကောင်း၊ ကတိ ခံဝန်ချက် လက်မှတ် ရေးထိုး ရသည့် လုပ်ငန်းစဉ်ကို စမ်းသပ်ကာလ အဖြစ် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ် ကင်းလွတ်ခွင့်ပြု ပေးထားပြီး ဖြစ်၍ ၂ဝ၁၆ ခုနှစ်အတွင်း ပြည်ပ ပညာတော်သင် သွားရောက်မည့် နိုင်ငံ့ ဝန်ထမ်းများသည် ကတိခံဝန်ချက် လက်မှတ် ရေးထိုးရန် မလိုအပ် တော့ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment