Pages

Thursday, February 11, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ



နေပြည်တော် ၊ ၁၁-၂-၂၀၁၆

၂ဝ၁၅-၂ဝ၁၆ ခုနှစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အားကစား  ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်း များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် အသင်းများက ပထမနေ့ပွဲစဉ် များကို ယှဉ်ပြိုင် ကစားကြသည်။

အဆိုပါ ဘော်လီဘော ပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုးသားအသင်း ၃၇ သင်း၊ အမျိုးသမီး အသင်း ၂၅ သင်းဖြင့် ဖေဖော်ဝါရီ ၂၆ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment