Pages

Tuesday, February 2, 2016

ပထမဆုံးအကြိမ်အဖြစ် ဆလုံတိုင်းရင်းသား ပွဲတော်ကို မတ်လအတွင်း ကျင်းပပြုလုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်



မန္တလေး ၊ ၂-၂-၂၀၁၆

ပထမဆုံးအကြိမ် အဖြစ် ဆလုံ တိုင်းရင်းသားပွဲတော် ကို မတ်လအတွင်း ကျင်းပပြုလုပ် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေး ၏ ပြောကြားချက် အရ သိရသည်။

''ဆလုံတိုင်းရင်းသား ပွဲတော်ကို မတ်လထဲမှာ ကျင်းပပေးနိုင်ဖို့ ဆောင်ရွက် နေပါတယ်။ ပွဲတော် ကျင်းပရေး ကော်မတီကို ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ရက်အတိအကျ ကို ထပ်မံရွေးချယ် သွားမှာဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံ နေထိုင်လျက် ရှိရာ ရိုးရာပွဲတော် များကို နေရာဒေသ အလိုက် ပြုလုပ် ကျင်းပလျက် ရှိကြောင်း၊ ထိုနည်းတူ ဆလုံ တိုင်းရင်းသား တို့၏ ရိုးရာပွဲတော် ကိုလည်း ယခုနှစ်မှစ၍ ပထမဆုံး အကြိမ်အဖြစ် ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ဆလုံ တိုင်းရင်းသား တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက နေထိုင်ကြီးပြင်း လာကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ဆလုံ တိုင်းရင်းသား စစ်စစ်တွေ လျော့နည်း လာပါတယ်။ ရိုးရာတစ်ခုက လူမျိုးတစ်စု မျိုးသုဉ်းသွားရင် ကွယ်ပျောက် သွားနိုင်ပါတယ်။ ဒါကြောင့် ဆလုံ တိုင်းရင်းသား တွေ ရေရှည် ရပ်တည်ဖို့ စီစဉ်နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြိတ်ကျွန်းစု အတွင်း ကျွန်းအချို့တွင် နေထိုင်မှုဘဝ ထူးခြားလှသော ဆလုံ တိုင်းရင်းသား များသည် ရှေးနှစ်ပေါင်း များစွာက မလေးကျွန်းတွင် နေထိုင်ခဲ့ ကြပြီး ယခုအခါ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းများတွင် နေထိုင် ကြကြောင်း၊ ဆလုံ လူမျိုးများသည် တည်နေရာ တစ်ခုတည်းတွင် အတည်တကျ နေထိုင်လေ့မရှိဘဲ ပင်လယ်အတွင်း လှိုင်းဒဏ်၊ လေဒဏ် အကာကွယ် ရရှိပြီး ရေချို ရရှိနိုင်သည့် ကျွန်းများတွင် မိုးရာသီ တစ်လျှောက်လုံး နေထိုင်ကြသည်။

ဆောင်းရာသီနှင့် နွေရာသီတို့တွင် မိသားစုအလိုက် လှေပေါ်တွင် နေထိုင်ကာ ရေထွက်ပစ္စည်း များကို ရှာဖွေခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြု ကြကြောင်း သိရသည်။ ရိုးသား အေးဆေးစွာ နေထိုင် တတ်ကြပြီး အသက်ရှူ ကိရိယာမပါဘဲ ရေအောက်တွင် ကြာရှည်စွာ ရေငုပ်နိုင်ကြောင်း၊ ဒေါသနည်းပြီး တင်းတိမ် ရောင့်ရဲစွာ အသက်မွေး ဝမ်းကျောင်း ပြုနေထိုင်သူ များဖြစ်ကြောင်း သိရသည်။

ဆလုံလူမျိုး များ၏ အသက်ရှင် နေထိုင်မှု ဘဝပုံစံသည် ပြည်တွင်း၊ပြည်ပ ခရီးသွားများ အတွက် ဆွဲဆောင်မှု ရှိသော ကဏ္ဍတစ်ရပ်လည်း ဖြစ်ပြီး Eco Tourism လုပ်ငန်း အတွက်လည်း ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူ ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment