Pages

Monday, February 22, 2016

အယ်လ်နီညိုရာသီဥတု စတင်နေပြီ ဖြစ်သော်လည်း ခရီးသွားများ ယာဉ်တန်းများဖြင့် ၀င်ရောက်လျက်ရှိ



နေပြည်တော် ၊ ၂၂-၂-၂၀၁၆

မြန်မာနိုင်ငံတွင် အယ်လ်နီညို ရာသီဥတု စတင်နေပြီ ဖြစ်ရာ ရာသီဥတုမှာ ပူပြင်း ခြောက်သွေ့ လာပြီ ဖြစ်သော်လည်း နိုင်ငံခြားသား ခရီးသွားများမှာ မော်တော် ယာဉ်တန်းများဖြင့် အဆက်မပြတ် ဝင်ရောက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

မြန်မာနိုင်ငံ အတွင်း နိုင်ငံ၏ မြောက်ဖျား ပူတာအိုဒေသမှ တောင်ဘက်စွန်း ကော့သောင်း ဒေသ ထိ နိုင်ငံခြားသား ခရီးသွား များကို ဆွဲဆောင် နိုင်သည့် ခရီးစဉ် ဒေသ အများအပြား ရှိနေသည်။ ထို့ပြင် ပေါကြွယ်ဝ လှသော သဘာဝ အရင်းအမြစ် အလှအပများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ အမွေအနှစ်များ၊ မြန်မာလူမျိုး  တို့၏ ရင်းနှီးဖော်ရွေမှု၊ ရိုးသား ဖြောင့်မှန်ပြီး စိတ်ရင်း စေတနာ ကောင်းမွန် စွာ ဆက်ဆံမှုတို့မှာ နိုင်ငံခြားသား ခရီးသွား များကို လာရောက် လည်ပတ် လေ့လာစေရန် ဆွဲဆောင်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ကမ္ဘာ့နိုင်ငံ များကြားတွင် အသိအမှတ် ပြုခြင်းနှင့် စိတ်ဝင်တစား အလေးထား လာခြင်း တို့ကြောင့် နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်ရန် ဆွဲဆောင် နေသည့် ခရီးသွားဒေသ တစ်ခု ဖြစ်နေသည်။ ထို့ကြောင့် အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း များ၊ ရေကြောင်း၊ ကုန်းကြောင်း များဖြင့် လာရောက် လည်ပတ် နေကြသည် သာမက မော်တော် ယာဉ်တန်းများ၊ မော်တော် ဆိုင်ကယ်များ ဖြင့် အဆက်မပြတ် လာရောက် လည်ပတ်လျက် ရှိနေသည်။

ယခုလပိုင်း အတွင်း မူဆယ်နယ်စပ် ဝင်ပေါက်မှ တစ်ဆင့် မူဆယ်- ပြင်ဦးလွင်- မန္တလေး- ပုဂံ- အင်းလေး- လားရှိုး- မူဆယ်ဒေသ များသို့ မော်တော်ယာဉ် ပေါင်း ၃၂စီးဖြင့် တစ်ဖွဲ့ပြီး တစ်ဖွဲ့လာရောက် လည်ပတ်ခဲ့ ကြပြီး တရုတ်နိုင်ငံ သို့ ပြန်လည်  ထွက်ခွာသွား ခဲ့ကြကြောင်း မြန်မာနိုင်ငံ ဟိုတယ် နှင့် ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီးဌာန သတင်းများ အရ သိရသည်။ (၁၈၃)

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment