Pages

Thursday, February 4, 2016

အမြင့်ပေ ၉၀၀၀၀ အထိ ပျံသန်းနိုင်သော ပထမဆုံးလေယာဉ်သစ် စမ်းသပ်ရန် Airbus စီစဉ်





Aurbus ကုမ္ပဏီသည် အမြင့်ပေ ၉ဝဝဝဝ အထိ ပျံသန်းနိုင်သော ပထမဆုံး လေယာဉ်ကို ဇွန်လတွင် အာဂျင်တီးနား နိုင်ငံ၌ စမ်းသပ် ပျံသန်းရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လေယာဉ်ကို အာကာသ လေ့လာရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ် ဖန်တီး နေခြ င်းဖြစ်ကာ Glider အသွင် လေယာဉ်မျိုးအဖြစ် ဖန်တီးမည် ဖြစ်သည်။

လေယာဉ်တွင် အင်ဂျင်တပ်ဆင် ထားခြင်းမရှိဘဲ အာကာသယာဉ် များတွင် အသုံးပြုသည့် အောက်ဆီဂျင် အားပြု မောင်းနှင်ရေး စနစ်ကို အသုံးပြုသွားမည် ဖြစ်သည်။

လေယာဉ်တွင် မောင်းနှင်သူ တစ်ဦးနှင့် တွဲဖက် လေယာဉ်မှူးတစ်ဦး လိုက်ပါနိုင်မည် ဖြစ်ကာ Mountain Wave ဟု အမည်ပေးထားသော လေထုအတွင်းရှိ လှိုင်းများကို အသုံးပြုကာ အမြင့်ပေ ၉ဝဝဝဝ အထိ တက်ရောက်ပျံသန်း နိုင်ရန် ဖန်တီးသွားမည် ဖြစ်သည်။

အင်ဂျင်ပါဝင်ခြင်း မရှိသောကြောင့် လေထုအတွင်းရှိ လှိုင်းများကို အားပြုကာ လေဟုန်စီးသည့် အသွင်မျိုးဖြင့် ပျံသန်းရန် ဖန်တီးသွားမည် ဖြစ်သည်။ အမြင့်ပေ ၉ဝဝဝဝ ရောက်ချိန်တွင် လေယာဉ်၏ အမြန်ဆုံး မြန်နှုန်း မှာ တစ်နာရီလျှင် မိုင် ၄ဝဝ နှုန်းရှိမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment