Pages

Thursday, January 7, 2016

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Vice Admiral HCS Bisht, AVSM အား ဂုဏ်ပြုကြိုဆို


ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် Vice Admiral HCS Bisht, AVSM တို့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် Vice Admiral HCS Bisht, AVSM တို့ အဖွဲ့ဝင်များနှင့်အတူ စုပေါင်း 
အမှတ်တရဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၇-၁-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာရှေ့ ၌ အိန္ဒိယသမ္မတနိုင်ငံ၊ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် Vice Admiral HCS Bisht, AVSM အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြု ကြိုဆိုသည်။

ရှေးဦးစွာ ဂုဏ်ပြုကြိုဆိုပွဲသို့ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Vice Admiral HCS Bisht, AVSM သည် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် တို့သည် အလေးပြုခံ စင်မြင့်သို့ သွားရောက်၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီး ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက် လာကြသည့် အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေး ကြသည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Vice Admiral HCS Bisht, AVSM ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား
ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်မှူးချုပ် မိုးအောင်၊ တပ်မတော်(ရေ )မှ အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Vice Admiral HCS Bisht, AVSM နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ တပ်မတော်(ရေ) နှင့် အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့တို့အကြား ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ )နှင့်
အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်၍ အဖွဲ့ဝင်များနှင့် အတူ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် က ဘုရင့်နောင်ရိပ်သာ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment