Pages

Friday, January 22, 2016

၂၀၁၅ ခုနှစ်အတွင်း လုံခြုံမှုအနည်းဆုံး Password များစာရင်းထုတ်ပြန်



ရန်ကုန် ၊ ၂၂-၁-၂၀၁၆

၂ဝ၁၅ ခုနှစ်အတွင်း အင်တာနက် ပေါ်၌ အသုံးအများဆုံး Password များထဲတွင် လုံခြုံမှုအနည်းဆုံး ဖြစ်ခဲ့သည့် Password များ စာရင်းကို ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အဆိုပါစာရင်းကို Fortune မဂ္ဂဇင်းက လေ့လာမှု ပြုလုပ်ကာ ပညာရှင်များ၏ အကြံပြုချက် ရယူပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထုတ်ပြန်လိုက်သော လုံခြုံမှု အနည်းဆုံး Password များစာရင်းတွင် ထိပ်ဆုံးနေရာ၌ ရှိနေသည့် Password မှာ 123456 ဖြစ်သည်။

အဆိုပါ Password ကို အသုံးပြုခွင့် ရယူရန်လိုအပ်သော နေရာတိုင်းနှင့် ဝက်ဘ်ဆိုက် တိုင်းတွင် အသုံးပြုသူ ၄ဝ ရာခိုင်နှုန်းကျော် က အသုံးပြုခဲ့သည်ဟု တွေ့ရှိခဲ့သည်။ Facebook တွင်လည်း User Name ကို သိပါက 123456 ဆိုသည့် Password ကို ရိုက်ကြည့်လျှင် မှန်နိုင်ခြေ ၂၁ ရာခိုင်နှုန်း အထိ ရှိခဲ့သည်ဟု ဆိုသည်။ ဒုတိယ နေရာတွင်ရှိသော Password မှာ Password ဆိုသည့် စကားလုံးဖြစ်ပြီး အသုံးပြုသူ ၃၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

အဆိုပါစာရင်းတွင် အဆင့်(၃) နေရာ၌ 12345678 ၊ အဆင့်(၄) နေရာ၌ qwerty ၊ အဆင့်(၅) နေရာ၌ 12345 ၊ အဆင့်(၆) နေရာ၌ 123456789 ၊ အဆင့်(၇) နေရာ၌ foodball၊ အဆင့်(၈)နေရာ၌ 1234 ၊ အဆင့်(၉) နေရာ၌ 1234567 နှင့် အဆင့် (၁ဝ)နေရာ၌ baseball တို့က အစဉ်လိုက် ရပ်တည်ခဲ့ကြောင်း သိရသည်။

အဆိုပါ password များမှာ ခန့်မှန်းရန် လွယ်ကူသည့်အပြင် အများဆုံး အသုံးပြုသည်ဟု အခိုင်အမာ တွေ့ရှိထားခြင်း ကြောင့် အဆိုပါ Password များကို လုံခြုံမှု အနည်းဆုံး Password များအဖြစ် သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment