Pages

Saturday, January 16, 2016

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပမည့်နေ့တွင် ပြိုင်ပွဲလမ်းကြောင်း ပေါ်ရှိ လမ်း ၁၀ လမ်းကို ခေတ္တပိတ်ထားမည်


ရန်ကုန် ၊ ၁၆-၁-၂၀၁၆

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပမည့် ဇန်နဝါရီ ၁၇ ရက်တွင် ပြိုင်ပွဲလမ်းကြောင်း ပေါ်ရှိ လမ်းမကြီးများ အပါအဝင် လမ်း ၁ဝ လမ်းကို ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ပွဲကျင်းပရေး အဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။

ပြိုင်ပွဲကို ဘေးကင်းလုံခြုံစွာ ကျင်းပနိုင်ရေး အတွက် ပြိုင်ပွဲလမ်းကြောင်း ပေါ်ရှိ လမ်းမကြီးနှင့် လမ်းတချို့ကို အချိန် အတိုင်းအတာ တစ်ခုအထိ ခေတ္တ ပိတ်ထားမည် ဖြစ်ပြီး ယာဉ်ထိန်းရဲများက လမ်းပိတ်ထားကြောင်း သိရှိနိုင်ရန် အချက်ပြ အမှတ်အသား များဖြင့် စီမံခန့်ခွဲမည် ဖြစ်ကြောင်း သိရသည်။

လမ်းပိတ်မည့် အချိန်သည် ဇန်နဝါရီ ၁၇ ရက် နံနက် ၂ နာရီမှ ၁၁ နာရီခွဲအထိ ဖြစ်ပြီး ဝေဇယန္တာလမ်း၊ ကမ်းနားလမ်း၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ဗဟိုလမ်း၊ မင်းဓမ္မလမ်း၊ အင်းစိန်လမ်း၊ ပြည်လမ်း၊ အင်းယားလမ်း၊ ကျိုက္ကဆံလမ်း၊ လေးထောင့်ကန်လမ်း နှင့် တချို့သော လမ်းမများကို လမ်းအပြည့် သို့မဟုတ် လမ်းတစ်ဝက် ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ၏ အပြေးပြိုင်ပွဲ အားလုံးတွင် တာထွက်နှင့် တာဝင်အမှတ် များကို သုဝဏ္ဏ အားကစားကွင်း အတွင်း သတ်မှတ်ထားပြီး မာရသွန်ပြေးပွဲ အပြည့် Full Marathon (42.195 km) ပြိုင်ပွဲလမ်းကြောင်း ၌ ရန်ကုန်မြို့၏ ထင်ရှားသော နေရာများဖြစ်သည့် ဗိုလ်တထောင်စေ တီ၊ ရွှေတိဂုံစေတီ နှင့် အင်းယားကန်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment