Pages

Sunday, January 24, 2016

သဲသောင်ပြင်ဘောလုံးကွင်း တည်ဆောက်မှု ၇ဝ ရာခိုင်နှုန်းခန့် ပြီးစီး



ရန်ကုန် ၊ ၂၄-၁-၂ဝ၁၆

ငွေဆောင်ကမ်းခြေ၌ ကျင်းပမည့် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲအတွက် ဘောလုံးကွင်းနှင့် ပွဲကြည့်စင် တည်ဆောက်လျက် ရှိရာ လက်ရှိတွင် ၇ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပမည့် အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး 100 Plus အားဖြည့် အချိုရည်မှ အဓိက ပံ့ပိုးကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

''ပွဲကြည့်စင် တည်ဆောက်မှု အပိုင်းက ၇ဝ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ။ ဒါက ယာယီပုံစံမျိုးသာ တည်ဆောက်သွားမှာ ဖြစ်ပြီး လေးဘက်လေးတန် အပြည့် တည်ဆောက်သွား မှာပါ'' ဟု တည်ဆောက်ရေး တာဝန်ယူ ထားသော ACE ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သဲသောင်ပြင် ဘောလုံးပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်အသင်း များကို လက်ခံလျက် ရှိပြီး ယခုနှစ်သည် ယခင်နှစ်များထက် ပြိုင်ပွဲဝင်အသင်း ပိုများလာဖွယ် ရှိကြောင်း ၊ ပြိုင်ပွဲကို နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပသွာမည် ဖြစ်ပြီး ပြိုင်ပွဲ ကျင်းပမည့်ပုံစံကို မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖိုးကျော်

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment