Pages

Monday, January 11, 2016

ဂျပန်နိုင်ငံမှ တစ်နှစ်လျှင် ပြည်တွင်းငါးဖမ်းသင်္ဘောများမှ သင်္ဘောသား ၂၀ ဦးကိုခေါ်ယူ၍ ငါးဖမ်းနည်းပညာရပ်များ သင်ကြားပေးမည်


ရန်ကုန် ၊ ၁၁-၁-၂၀၁၆

ပြည်တွင်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ငါးဖမ်းသင်္ဘောသား များကို ဂျပန်နိုင်ငံမှ တစ်နှစ်လျှင် ၂ဝ ဦးနှုန်းခေါ်ယူ သင်တန်းပေးရန် စီစဉ်ထားကြောင်း ပြည်တွင်းမှ သင်တန်း တက်ရောက်ရန် စီစဉ်နေသည့် ပင်လယ်ငါးဖမ်း လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံရှိ National Federation of Fisheries Cooperative Association တို့၏ ညှိနှိုင်း သဘောတူညီမှု အစီအစဉ်ကြောင့် ဖြစ်သည်။

ယင်းသင်တန်းသို့ တက်ရောက်ရန် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ ကိုယ်တိုင် ရွေးချယ်၍ ဂျပန်နိုင်ငံသို့ ခေါ်ယူကာ ငါးဖမ်းနည်း ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးမည် ဖြစ်ပြီး သုံးနှစ်ဆက်တိုက် ခေါ်ယူသွားရန် ရှိသည်။ အစီအစဉ် အသေးစိတ်ကို ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံမှ ပေးပို့မည် ဖြစ်ပြီး ခရီးစရိတ်နှင့် ဂျပန်နိုင်ငံ၌ နေထိုင်စဉ် ကုန်ကျစရိတ် များကို ဂျပန်ကုမ္ပဏီ ဘက်မှ အကုန်အကျခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ မသွားရောက်မီ ဂျပန်ဘာသာ စကားကို မြန်မာနိုင်ငံ၌ သုံးလကြာ သင်ကြား ပေးပြီးနောက် ဂျပန်နိုင်ငံ၌ နှစ်လကြာ သင်ကြားပေးကာ ဂျပန်နိုင်ငံရှိ သင်္ဘောတစ်စင်းလျှင် နှစ်ဦးနှုန်းဖြင့် သင်္ဘော ၁ဝ စင်းပေါ်၌ ငါးဖမ်းနည်း ပညာရပ်များကို ၁ဝ လကြာ စာတွေ့လက်တွေ့သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရသည်။

''ဂျပန်ဘက်က သင်ကြားပေးမယ့် ဘာသာရပ် တွေထဲမှာ Deep Sea Vertical Longline, Purseine, Squide Jigging နဲ့ Tuna Long Line စတဲ့ ငါးဖမ်းနည်း ဘာသာရပ်တွေ ပါဝင်မယ်လို့ အကြမ်းဖျင်း သိထားပါတယ်'' ဟု ပင်လယ်ငါးဖမ်း လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment