Pages

Thursday, January 14, 2016

မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် နှစ်အလိုက်ထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ပညာသင်ဆုပေးအပ်


ရန်ကုန် ၊ ၁၄-၁-၂ဝ၁၆

ပို့ဆောင်ရေး ဝန်ကြီး ဌာန မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ နှစ်အလိုက် ထူးချွန်ကျောင်း သား၊ ကျောင်းသူများအား ဂျပန်နိုင်ငံ MJ Technology Co.,Ltd မှ ဒုတိယအကြိမ် ပညာသင်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီခွဲ တွင် အဆိုပါ တက္ကသိုလ် အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

MJ Technology Co.,Ltd သည် မြန်မာနိုင် ငံ ရေကြောင်း ပညာ တက္ကသိုလ်တွင် ပညာသင်ကြား နေ သည့် ကျောင်းသား၊ ကျောင်းသူ များအနက်မှ ဘာသာရပ် အလိုက် ထူးချွန် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးကို တစ်နှစ်လျှင် တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ ၆ဝဝ စီ ပထမအကြိမ် အဖြစ် ပေးအပ်ချီးမြှင့် ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်တို့တွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ရေယာဉ် တည်ဆောက်မှု ပညာ ဘာသာရပ် အထူးပြု၊ ရေကြောင်း အင်ဂျင်နီယာ ဘာသာရပ် အထူးပြု၊ ဆိပ်ကမ်း အင်ဂျင်နီယာ ဘာသာရပ် အထူးပြုနှင့် မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ ဘာသာရပ် အထူးပြုဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ ၄ဝ ဦးအား ဂျပန်နိုင်ငံတွင် အလုပ်အကိုင် ရရှိရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသော ကုမ္ပဏီတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် အနေဖြင့် ကျောင်းသားများ အလုပ်အကိုင် ပိုမို ရရှိစေရေးနှင့် ပညာရပ်များအား ပိုမို ကျယ်ပြန့်စွာ လေ့လာနိုင်ရေး အတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ သင်္ဘောကုမ္ပဏီ ၂၅ ခုနှင့် ပြည်ပကုမ္ပဏီ သုံးခုတွင် အလုပ်အကိုင် ရရှိရေး ဆက်သွယ်ေ ဆာင်ရွက် ပေးခဲ့သည့်အပြင် ပြည်တွင်း ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများနှင့် ဆိပ်ကမ်းလုပ်ငန်း များတွင်လည်း အလုပ်အကိုင် ရရှိနိုင်ရေး ဆက်သွယ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment