Pages

Thursday, January 7, 2016

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ၊ အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Vice Admiral HCS Bisht, AVSM အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၇-၁-၂၀၁၆

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ အိန္ဒိယသမ္မတ နိုင်ငံ၊ အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် Vice Admiral HCS Bisht, AVSM အား လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့  မှ ညွှန်ကြားရေးမှူးချုပ် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူး Capt. Manish Bhandari နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးအား ယခုထက်ပိုမို တိုးမြှင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်နိမိတ်တွင် အောက်ခြေတပ်ဖွဲ့ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး၊ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် လေ့လာရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး၊ နှစ်နိုင်ငံ ရေတပ်များအကြား လေ့ကျင့်ရေးပိုင်း ဆိုင်ရာများ၊ ပင်လယ်ပြင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် လှေစီးသွားလာသူ (Boat People) ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment