Pages

Wednesday, January 13, 2016

ပြည်တွင်းပေါင်းဆန် ထုတ်လုပ်မှုပမာဏ မြင့်တက်လာခြင်းကြောင့် ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ပြည်ပသို့တင်ပို့မှု မြှင့်တင်မည်



ရန်ကုန် ၊ ၁၃-၁-၂၀၁၆

ပြည်တွင်းပေါင်းဆန် ထုတ်လုပ်မှုပမာဏ မြင့်တက် လာခြင်းကြောင့် ယခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ပြည်ပသို့ တင်ပို့မှုများ ပိုမိုမြှင့်တင် သွားမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် မှ သိရသည်။

ပြည်တွင်း၌ တည်ဆောက် ထားသော ပေါင်းဆန်စက်များ စတင်လည်ပတ်လျက် ရှိရာ ၂ဝ၁၅ ခုနှစ်အတွင်း ပေါင်းဆန် ထုတ်လုပ်မှုမှာ တန်ချိန် နှစ်သိန်း ဝန်းကျင်အထိ ရောက်ရှိ လာသောကြောင့် ပြည် ပဈေးကွက် ပိုမိုချဲ့ထွင်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပေါင်းဆန်သည် ကမ္ဘာ့ဈေးကွက်တွင် နေရာရရှိ ထားသော်လည်း ပြည်တွင်း၌ ထုတ်လုပ်မှု လျော့ နည်းခဲ့သဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှု နည်းပါးခဲ့ရာ ပြီးခဲ့သည့် နှစ်အတွင်းက ထုတ်လုပ်မှု တိုးမြှင့်နိုင်ခဲ့သည့် အတွက် ယခုနှစ်ဆန်းပိုင်းမှ စ၍ ဥရောပ၊ ရုရှား၊ နိုင်ဂျီးရီးယား နှင့် တခြား အရှေ့အလယ်ပိုင်း ဒေသများသို့ တိုးချဲ့ တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မှု လျော့နည်းခဲ့သဖြင့် ပေါင်းဆန်တန်ချိန် ၃ဝဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်အတွင်း ပေါင်းဆန်စက် အသစ်များ တည်ဆောက် နိုင်သဖြင့် ယခုဘဏ္ဍာ နှစ်တွင် ယမန်နှစ်ထက် ပိုမိုတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment