Pages

Tuesday, January 19, 2016

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီ စိုးဝင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအား လက်ခံတွေ့ဆုံ



တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး  Mr. Antony Blinken အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၉-၁-၂၀၁၆

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး  Mr. Antony Blinken အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Antony Blinken နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Derek Mitchell နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် လွတ်လပ်ပြီး တရားမျှတသော အထွေထွေ ရွေးကောက်ပွဲနှင့် တပ်မတော်၏ အခန်းကဏ္ဍ၊ ပြည်သူက ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ စနစ် ခိုင်ခိုင်မာမာ ရှိစေရန် ပထမ ဒီမိုကရေစီ အစိုးရ၏ ငါးနှစ်သက်တမ်း ကာလတွင် တပ်မတော်မှ အပြည့်အ၀ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုနှင့် လာမည့် အစိုးရသစ်၏ ဒုတိယသက်တမ်း ကာလတွင်လည်း ယင်းလမ်းကြောင်းမှ သွေဖယ်မှုမရှိဘဲ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေနှင့် ပြည်သူတို့၏ ဒီမိုကရေစီရင့်ကျက်မှုနှင့်အတူ ဒီမိုကရေစီ ပန်းတိုင် ဆက်လက် ချီတက်မှု အခြေအနေ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်မှု အခြေအနေ၊ တည်ငြိမ် အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့အား တပ်မတော်၏ မူဝါဒအဖြစ် သတ်မှတ်၍  အားသွန်ခွန်စိုက် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊  ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် အတွက် ၂၂ လကြာ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ ရသည့် NCA လက်မှတ်ရေးထိုး နိုင်ခဲ့မှု၊ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအပေါ် မြန်မာနိုင်ငံရှိ ပြည်သူလူထု အားလုံး၏ ထာဝရငြိမ်းချမ်းရေး ပြင်းပြစွာ လိုလားတောင်းတမှု အရ နိုင်ငံတော်အစိုးရနှင့် တပ်မတော် တို့၏ သည်းခံ ခွင့်လွှတ်စိတ်ဖြင့် ဆက်လက် ဖိတ်ခေါ်ကြိုဆိုမှုများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ အချို့ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား နေရသည့် အကြောင်းအရင်း များနှင့် တပ်မတော်၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ဆောင်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး များအား သမိုင်းကြောင်း အရ မိမိ တိုင်းရင်းသား လူမျိုးစုတွင် လုံးဝမရှိခဲ့ဘူးသည့် ရိုဟင်ဂျာလူမျိုး အဖြစ် နိုင်ငံတကာ အရေးကိစ္စအသွင် ဖန်တီးပုံဖော်၍ အခွင့်အရေး တောင်းဆို  လှုံ့ဆော်နေမှုများ၊ လှေစီးသွားလာသူ များနှင့် လူကုန်ကူးမှု ကိစ္စရပ်များတွင် လူသားချင်းစာနာ ထောက်ထားမှုအရ ၀ိုင်းဝန်းကူညီ လုပ်ဆောင်မှု အခြေအနေများ၊ CTFMR အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင် နေသည့် အရွယ်မရောက် သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းနေမှုနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး ကိစ္စရပ် များ၏ လုပ်ငန်းတိုးတက် မှုနှင့် ရလဒ်ကောင်းများ၊ နျူကလီးယား လက်နက်ဖျက်သိမ်းရေး နှင့် လူအများအပြား သေစေသော လက်နက်များ မပြန့်ပွားရေးအား အထူးအလေးထား ဆောင်ရွက်နေမှု အခြေအနေများ၊ ဒုတိယကမ္ဘာစစ် အတွင်း အမေရိကန် စစ်သည်များ၏ ရုပ်ကြွင်းကိစ္စရပ် များတွင် လူသားချင်း စာနာ ထောက်ထားမှု အရ လည်းကောင်း၊ ကျန်ရစ်သူမိသားစု များအား ကိုယ်ချင်းစာနာ စိတ်အရ လည်းကောင်း မြန်မာ့တပ်မတော်မှ မည်သည့် အကျိုးမျှလိုလားမှု၊ ရည်ရွယ်မှု မရှိဘဲ ပါဝင်ကူညီ လုပ်ဆောင်နေမှုများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒနှင့် အညီ နိုင်ငံတကာနှင့် မိတ်ဝတ်မပျက် ဆက်ဆံနေမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံမှု တိုးမြှင့်ရေးနှင့် စစ်ရေးနှင့် မပတ်သက်သည့် လေ့ကျင့်ရေး သင်တန်းများ စေလွှတ် တက်ရောက်နိုင်ရေး ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment