Pages

Saturday, January 16, 2016

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သား ၁၄ ဦး ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၁၆-၁-၂၀၁၆

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်း၌ ရောက်ရှိနေသော မြန်မာရေလုပ်သား ၁၄ ဦးသည် ယမန်နေ့ည ၆ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ လာသည်။

အဆိုပါ ရေလုပ်သားများအား မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိ သူများက ကြိုဆိုခဲ့ ကြသည်။ မြန်မာ ရေလုပ်သား ၁၄ ဦးသည် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးမှ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံရပြီး မြန်မာသံရုံးနှင့် IOM တို့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခြင်းဖြစ်သည်။

ရေလုပ်သားများအား လူကုန်ကူးခံ ရခြင်း ဟုတ်၊ မဟုတ် စိစစ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ နေရပ်များသို့ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် IOM တို့မှ မိမိတို့၏နေရပ် များသို့ ပို့ဆောင်ပေး သွားမည်ဖြစ်သည်။ ရေလုပ်သားများ၏ ရပိုင်ခွင့် များကိုလည်း အပြည့်အဝရရှိ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခု ရောက်ရှိလာသော ရေလုပ်သားများသည် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့မှ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment