Pages

Saturday, January 23, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ ကလပ်ဒီမက်ဒရစ်အဖွဲ့ဝင် ၊ ချီလီနိုင်ငံ သမ္မတဟောင်းနှင့် တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘာ့ခေါင်းဆောင်များ အဖွဲ့ ကလပ်ဒီမက်ဒရစ် အဖွဲ့ဝင် ချီလီနိုင်ငံ သမ္မတဟောင်း Mr. Ricardo Froilan Lagos Escobar တို့ တွေ့ဆုံ ဆွေးနွေးစဉ်

နေပြည်တော်၊ ဇန်န၀ါရီ ၂၂

ဒီမိုကရေစီစစ်စစ် ကျင့်သုံးသည် ဆိုရာတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှုခြင်း မတူညီနိုင် ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း မိမိတို့နှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံး နေပါကြောင်း၊ ဒီမိုကရေစီတွင် ဥပဒေကို လေးစား လိုက်နာခြင်းသည် အဓိကကျကြောင်း၊ ပြည်သူက ရွေးချယ်သည့် အစိုးရနှင့် တရားဥပဒေနှင့် အညီ သွားရမည် ဖြစ်သလို တိုင်းပြည်၏ ပကတိ အခြေအနေနှင့် ကိုက်ညီရန်မှာ ဒီမိုကရေစီ နိုင်ငံတိုင်းအတွက် အရေးကြီး ပါကြောင်း၊ မိမိတို့အနေဖြင့် အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက် နေကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကမ္ဘာ့ခေါင်းဆောင် များအဖွဲ့ ကလပ်ဒီမက်ဒရစ် အဖွဲ့ဝင် ၊ ချီလီနိုင်ငံ သမ္မတဟောင်း Mr. Ricardo Froilan Lagos Escobar နှင့် တွေ့ဆုံဆွေးနွေး ရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ချီလီနိုင်ငံ သမ္မတဟောင်းနှင့် အတူ ကလပ်ဒီမက်ဒရစ် အဖွဲ့မှ ဒုတိယ အတွင်းရေးမှူးချုပ် Ms. Ma Elena Aguero နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဧည့်သည်တော် အငြိမ်းစား သမ္မတက အသွင်ကူးပြောင်းမှု တိုင်းသည် လွန်စွာ ခက်ခဲကြောင်း၊ ယင်းသို့ အသွင်ကူးပြောင်း ရာတွင်လည်း အကောင်းဆုံးပုံစံ ဟူ၍ မရှိပါကြောင်း၊ အစိုးရချင်း လွှဲပြောင်းရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် လက်ရှိမြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အကြီးမားဆုံးနှင့် အခက်ခဲဆုံး အပိုင်းဟု မိမိတို့ယုံကြည် ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တိုင်းနှင့် ပြည်နယ်များဖြင့် စုစည်းထားခြင်း ဖြစ်၍ အစိုးရ၊ အရပ်ဘက် အဖွဲ့စည်းများ၊ တပ်မတော်နှင့် ပြည်သူတို့ အနေဖြင့် အခြေအနေကို သိရှိနားလည်ပြီး အကောင်းဆုံး ဆောင်ရွက်ရန် လိုအပ်သည်ဟု ရှုမြင်ပါကြောင်း၊ အဓိက မြန်မာနိုင်ငံအတွက် အရေးကြီးသည်မှာ စုစည်းမှုပင် ဖြစ်ကြောင်းဖြင့် ဆွေးနွေးရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ငြိမ်းချမ်းရေးသည် တိုင်းပြည်၏ သေရေးရှင်ရေး ကိစ္စဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့်လည်း အဖြစ်နိုင်ဆုံး လိုက်လျောပြီး ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် အကောင်းဆုံး ဖြစ်အောင် အလေးထား ဆောင်ရွက် နေသကဲ့သို့ နောင်တက်လာမည့် အစိုးရနှင့်လည်း ငြိမ်းချမ်းရေး ကိစ္စရပ်များ အောင်မြင်အောင် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် ပြန်လည် ပြောကြား၍ တပ်မတော် အနေဖြင့် ရွေးကောက်ပွဲ အလွန်ကာလ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နောင်တက်လာမည့် အစိုးရနှင့် လက်တွဲ၍ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် Mr. Ricardo Froilan Lagos Escobar တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရစုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment