Pages

Saturday, January 23, 2016

အခွံမနွှာဘဲ စားသုံးသင့်သည့် အသီးများ


အခွံမနွှာဘဲ စားသုံးသင့်သည့် အသီးများ

< ဒေါက်တာလွင်သန့် (ဆေး-၂) >

ဆေးဘက်ဆိုင်ရာ ပညာရှင်များရဲ့ နောက်ဆုံးလေ့လာ တွေ့ရှိချက်အရ အာဟာရတန်ဖိုး မြင့်မားလို့ စားသောက်သင့်တဲ့ အစားအစာ တွေထဲမှာ အခွံမနွှာဘဲ စားသုံးသင့်တဲ့ အသီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကျောက်ဖရုံသီးဟာ ရေဓာတ်ပေါများပြီး ရောင်ရမ်းမှု လျော့စေတယ်။ အဆိပ် အတောက် ပြယ်စေ တယ်။ ကျောက်ဖရုံသီး ရဲ့အခွံမှာ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ ပေါများစွာ ပါဝင်တယ်။ အငွေ့ပျံလွယ်တဲ့ သဘာဝရှိတဲ့ အပြင် အာဟာရ များစွာလည်း ပါဝင်တယ်။ အထူးသဖြင့် ဆီးချိုရောဂါသည် တွေအတွက် ပိုမိုအကျိုးဖြစ်ထွန်း စေပါတယ်။ ကျောက်ဖရုံသီး ချက်တဲ့အခါ အခွံပါထည့်ချက်ရင် အကောင်းဆုံးဖြစ်တယ်။

သခွားသီးအခွံဟာ ခါးသက်တဲ့ အရသာ ရှိတယ်။ ယင်းခါးသက်တဲ့ အရသာက အဆိပ်အတောက် ဖယ်ရှားပေး နိုင်တယ်။ အရေပြားအလှ တိုးစေတယ်။ အခွံပါ စားသုံးခြင်းက ဗီတာမင်စီကို အပြည့်အဝ ရရှိစေတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက် တွေကို ဖယ်ရှားပေးနိုင် ပါတယ်။ ရောဂါပိုးမွှားတွေကို တိုက်ခိုက်နိုင်လို့ ရောင်ရမ်းမှုလည်း လျော့ကျစေနိုင်တယ်။

သခွားသီးခွံ၊ ဖရဲသီးခွံနဲ့ ကျောက်ဖရုံသီးခွံ စတဲ့အခွံ သုံးမျိုးကို ရေနွေးဖြောပြီး သုပ်စားရင် အဆီကျ ကျစ်လျစ်လိုသူတွေ အတွက် အလွန်ကောင်းတယ်လို့ ဆိုပါတယ်။ ခရမ်းချဉ်သီး အခွံက ကင်ဆာရောဂါ ကာကွယ်နိုင်တယ်။

ခရမ်းချဉ်သီးရဲ့ အခွံဟာ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ ကင်ဆာရောဂါ ကာကွယ်ရာမှာ အစွမ်းထက်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ရောဂါတွေကို ကာကွယ်နိုင်စွမ်းအား မြှင့်တင် နိုင်ပါတယ်။ ခရမ်းချဉ်သီး အခွံဟာ အူလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အများဆုံး အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် ခရမ်းသီးအခွံဟာ နှလုံးသွေးကြောကို ကာကွယ် စော င့်ရှောက် နိုင်တယ်။ ယင်း အခွံဟာ နှလုံးသွေးကြော ရောဂါဝေဒနာ သည်တွေအတွက် အကောင်းဆုံး ဓာတ်စာလည်း ဖြစ်တယ်။ ခရမ်းသီးအခွံကို လှီးလိုက်တဲ့အခါ အမည်းရောင် ပြောင်းသွားတာဟာ ခရမ်းသီးအတွင်းမှာ ပါဝင်တဲ့ သံဓာတ်က လေထုအတွင်းက အောက်ဆီဂျင်နဲ့ ပေါင်းစပ် သွားလို့ ဖြစ်ပါတယ်။ အောက်ဆီဂျင်နဲ့ ပေါင်းစပ်သွားတဲ့ သံဓာတ်ဟာ လူ့ခန္ဓာကိုယ်က သံဓာတ်ရယူခြင်းကို ထိခိုက်စေပါတယ်။ အဲဒီအချက်အရ ခရမ်းသီးကို အခွံနဲ့တကွ ချက်စားခြင်းဟာ နှလုံးနဲ့ပတ် သက်တဲ့ ရောဂါတွေကို သက်သာ စေနိုင်ပါတယ်။

ပန်းသီးအခွံမှာတော့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ပေါကြွယ်ဝတယ်။ ပန်းသီးအခွံက ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ အဆိပ်အတောက် တွေကို ဖယ်ရှားပေးတယ်။ နေ့စဉ်ပန်းသီး ငါးလုံးစားပေးရင် သည်းခြေကျောက် နဲ့ ဆီးကျောက် တွေကို ကျဆင်းသွားအောင် ဖယ်ရှားပေးနိုင်တဲ့ အပြင် ကိုလက်စထရော ကိုပါကျစေလို့ ပန်းသီးကို အခွံနဲ့တကွ စားသုံးသင့် ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment