Pages

Monday, January 25, 2016

ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့် သူများကို အလုပ်သမားစည်းမျဉ်းများ သင်ကြားပေးသွားမည်


ရန်ကုန် ၊ ၂၅-၁-၂ဝ၁၆

ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင် ကြမည့်သူများကို အလုပ်သမား စည်းမျဉ်းများ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။

အလုပ်သမားများ သွားရောက်မည့် နိုင်ငံ၏ အလုပ်သမားဥပဒေ၊ ရပိုင်ခွင့်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ယဉ်ကျေးမှု၊ ဘာသာစကားများ စသည့် အချက်အလက် များကို သင်ကြားပေးမည် ဖြစ်ပြီး အခက်အခဲ များကြုံတွေ့ပါက သက်ဆိုင်ရာ သံရုံးများသို့ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များ ပေး သွားမည်ဖြစ်ပြီး တစ်လတစ်ကြိမ် အခမဲ့သင်တန်းများ ပို့ချပေးသွားမည် ဖြစ်သည်။

''ဒီကနေ တစ်ခါတည်း သင်ပေးလိုက်တော့ ပြဿနာဖြစ်တဲ့အခါ အထောက်အကူ ဖြစ်စေမှာပါ။ သင်တန်းက လက်မှတ်လည်း ထုတ်ပေးမယ်'' ဟု အဆိုပါ အသင်းချုပ်မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော် က ပြောသည်။

အဆိုပါသင်ကြားရေး စင်တာကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ မြို့နယ်၌ ဖွင့်လှစ်ထား ပြီး ပြည်ပအလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များ အသင်းချုပ်မှ ဦးစီးဖွင့်လှစ် မည်ဖြစ်ပြီး သင်တန်းကို လေးရက်ကြာပို့ချ မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်သည့် အလုပ်သမားများမှာ ပညာရေးအသိ နည်းပါးခြင်း၊ လိုက်နာရမည့် စည်းကမ်းချက်များ သိရှိမှုမရှိခြင်း၊ အလုပ်လုပ်ရာတွင် စာချုပ်ပါ သဘောတရားများ လိုက်နာသိရှိမှု အားနည်းခြင်း တို့ကြောင့် ပြဿနာများ ကြုံတွေ့ကြရခြင်း ဖြစ်ပြီး ထိုသို့တွေ့ကြုံရ ပါက ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ဖြေရှင်းနိုင်ရန် သင်တန်းပို့ချ ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ပရောက် အလုပ်သမားများ ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ပါက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် လေဆိပ်တို့တွင် ၂၄ နာရီလုံး ဆက်သွယ် ဝန်ဆောင်မှု ပေးနိုင်သည့် Call Center များ ကို ဖွင့်လှစ်ထားရှိကြောင်း၊ အသင်းချုပ်မှ အလုပ်သမားများ အများဆုံး သွားရောက် လုပ်ကိုင်နေကြသည့် မလေးရှားနိုင်ငံ ၌လည်း Call Center ဖွင့်လှစ်ကာ အကူအညီ ပေးလျက်ရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ (၄)

No comments:

Post a Comment