Pages

Friday, December 4, 2015

ဈေးကွက်အတွင်း တင်ပို့နေသည့် မျှင်ငပိများတွင် အနီရောင် Rhodamine ဆိုးဆေးများ ထည့်သွင်းအသုံးပြုမှု စစ်ဆေးတွေ့ရှိ



ရန်ကုန် ၊ ၄-၁၂-၂၀၁၅

ဈေးကွက် အတွင်းသို့ တင်ပို့နေသည့် မျှင်ငါးပိ များတွင် အနီရောင် Rhodamine ဆိုးဆေးများ ထည့်သွင်း အသုံးပြု ထားမှုကို စစ်ဆေးတွေ့ရှိ ရကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

အနီရောင် Rhodamine ဆိုးဆေး (အရပ်ခေါ် ပန်းဆီ) သည် အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်း စသော ဆိုးကျိုးများ ဖြစ်ပေါ် စေနိုင်ကြောင်း ဆေးပညာ တွင် ဖော်ပြထားသည်။

ဆိုးဆေး အသုံးပြုခြင်း ကြောင့် ရောဂါ ရှာဖွေရေး များတွင် အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အထောက်အထား တချို့ကိုလည်း တွေ့ရှိထားကြောင်း အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သုံးစွဲရန် မသင့်သော ပစ္စည်းကို ဆက်လက် ရောင်းချပါက ပစ္စည်းများကို ဖျက်သိမ်း အရေးယူ နိုင်သည့်အပြင် လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူနိုင်ပြီး အစား အသောက်နှင့် ဆေးဝါး ဥပဒေတွင် ပြစ်မှုကြောင်း အရ ထောင်ဒဏ် သုံးနှစ်မှ ငွေဒဏ် ကျပ်သုံးသိန်း အထိ အရေးယူနိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်း ထားသည်။

ယခုနောက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ငါးပိများတွင် ဆိုးဆေးများ အသုံးမပြုရန် ပညာပေးမှု များနှင့် အတူ အရေးယူမှု များပါ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment