Pages

Monday, December 21, 2015

ခရစ္စမတ်ကာလ နီးကပ်လာခြင်းကြောင့် poinsettias ခရစ္စမတ်ပန်းပင်များ ဈေးကွက်အတွင်း အရောင်းသွက်



ရန်ကုန် ၊ ၂၁-၁၂-၂ဝ၁၅

ခရစ္စမတ်ကာလ နီးကပ် လာခြင်းကြောင့် ပန်းအလှဆင် ဝါသနာပါသူများ အနေဖြင့် poinsettias ခေါ် ခရစ္စမတ်ပန်းပင် များကို ဝယ်ယူမှုများပြား လာကြောင်း သိရသည်။

အဆိုပါ ပန်းပင်များသည် နှစ်စဉ် ဝင်ရောက်မှုရှိပြီး ယခုရာသီတွင် အရောင်းရဆုံး ဖြစ်ခြင်းကြောင့် ပျိုးပင် ရောင်းချသူများ အနေဖြင့် ဈေးကွက် အတွင်းသို့ ခရစ္စမတ်ကာလ နီးမှသာ တင်ပို့ရောင်း ချမှု ပြုလုပ်ကြကြောင်း သိရသည်။

poinsettias သည် အနီရောင်ရှိပြီး အပွင့်ရော အရွက်ပါ အရောင်တူသည်။ ပွင့်တူ ရွက်တူပန်းပင်မျိုး ဖြစ်တာကြောင့် ပွင့်တူရွက်တူပန်း ဟုလည်း ခေါ်သည်။ ခရစ္စမတ်ကာလ နီးလာလေ ရောင်းရသွက် လာလေ ဖြစ်သည်။

အဆိုပါ poinsettias ခရစ္စမတ်ပန်းပင် များအား တရုတ်နိုင်ငံမှ တင်သွင်းလာပြီး ယခုကဲ့သို့ ရာသီများတွင် အများဆုံး ရောင်းချမှု ပြုလုပ်ကြောင်း သိရသည်။ ၄င်းပန်းပင်လေး များကို ပန်းအိုးများဖြင့် အိုးလိုက် လက်ဆောင် ပေးမှုများ ရှိသကဲ့သို့ ပလတ်စတစ်ဖြင့် ပါကင်ထုပ်ကာ အလှပန်းစည်း အဖြစ်လည်း လက်ဆောင်ပေးမှု များပြားကြောင်း သိရသည်။ ၄င်းပန်းကို ခရစ္စမတ်ကာလတွင် အချင်းချင်း ဖလှယ်ပေးကမ်းမှု ပြုလုပ်ပါက အတိတ်နိမိတ် ကောင်းသည်ဟု ယူဆမှုများ ကြောင့်လည်း ယခုလို ရာသီချိန်တွင် ရောင်းရသွက်ပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု များပင် ရှိတတ်ကြောင်း သိရသည်။

ထိုအပင်များသည် အလှထား ပန်းပင်များဖြစ်ပြီး အထူးဂရုတစိုက် ပြုလုပ်ရန်လည်း မလိုအပ်ကြောင်း သိရသည်။ ၄င်းအပင်များမှာ တစ်ပင်လျှင် မြန်မာငွေကျပ် ၅ဝဝဝ ရှိပြီး အများအပြား ဝယ်ယူသူများ အနေဖြင့် ကျပ် ၄ဝဝဝ ခန့်ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment