Pages

Tuesday, December 22, 2015

နိုင်ငံ ၁၁၀ မှ လူသန်းပေါင်း ၂၅၀ ခန့်သည် သဲကန္တာရ ဖြစ်ထွန်းမှုနှင့် ကြုံတွေ့နေရ



နေပြည်တော် ၊ ၂၂-၁၂-၂၀၁၅

ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၁ဝ နိုင်ငံရှိ လူသန်းပေါင်း ၂၅ဝ ခန့်သည် သဲကန္တာရ ဖြစ်ထွန်းမှု အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း (BANCA) မှတ်တမ်းများ အရ သိရသည်။

ထိုသဲကန္တာရ ဖြစ်ထွန်းမှု ဆိုသည်မှာ ရာသီဥတု ပြောင်းလဲမှုနှင့် လူတို့၏ လုပ်ဆောင်မှုများ အပါအဝင် များစွာသော အကြောင်း အမျိုးမျိုး တို့ကြောင့် အလွန်ပူပြင်း ခြောက်သွေ့သော ဒေသများ၊ ပူပြင်း ခြောက်သွေ့မှု အတော်အသင့် ရှိသော ဒေသများနှင့် အသင့်အတင့် စိုစွတ်သော် လည်း ခြောက်သွေ့မှု ရှိသော ဒေသများတွင် မြေအရည်အသွေး ညံ့ဖျင်း ဆုတ်ယုတ် လာခြင်း ဖြစ်သည်။

အဆိုပါ သဲကန္တာရ ဖြစ်ထွန်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ ဖြစ်ကြောင်း ၊ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၁ဝ နိုင်ငံရှိ လူသန်းပေါင်း ၂၅ဝ ခန့်သည် သဲကန္တာရ ဖြစ်ထွန်းမှု အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်။

သဲကန္တာရ ဖြစ်ထွန်းလာ ခြင်းကြောင့် မြေဆီလွှာ ယိုယွင်းညံ့ဖျင်း လာသဖြင့် သီးနှံထွန်ယက် စိုက်ပျိုးမြေ ဧရိယာ နည်းပါးလာခြင်း၊ စိုက်ပျိုးသီးနှံ အထွက်နှုန်း ကျဆင်းလာခြင်း၊ စားနပ်ရိက္ခာ ရှားပါးလာခြင်း၊သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီး လာခြင်း၊ ဇီဝမျိုးများ ပျောက်ကွယ် လာခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်လာပြီး လူအစုလိုက် အပြုံလိုက် နေရာပြောင်းရွှေ့ မှုများ၊ အိမ်မဲ့ယာမဲ့ ဖြစ်မှုများ၊ လူမှုရေးစနစ် ပျက်စီးမှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းများ ကြုံတွေ့ရခြင်း စသော ဆင်းရဲဒုက္ခ အမျိုးမျိုး ကိုလည်း တွေ့ကြုံခံစား ကြရမည် ဖြစ်ကြောင်း BANCA ၏ မှတ်တမ်းများ အရ သိရသည်။ (၁၈၅)

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

No comments:

Post a Comment