Pages

Tuesday, December 15, 2015

နယ်သာလန်နိုင်ငံနှင့် အကျိုးတူပူးပေါင်းကာ တီလားဗီးယား ငါးသားဖောက်လုပ်ငန်းကို အကောင်အထည်ဖော်မည်


ရန်ကုန် ၊ ၁၅-၁၂-၂၀၁၅

မြန်မာနိုင်ငံနှင့် နယ်သာလန်နိုင်ငံ တို့မှ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်းကာ တီလားဗီးယား ငါးသားဖောက် လုပ်ငန်းများကို လာမည့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် အကောင် အထည်ဖော် လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်မည့် Orchard ကုမ္ပဏီ၏ သတင်း အချက်အလက် များအရ သိရသည်။

အဆိုပါ တီလားဗီးယား ငါးသားဖောက် လုပ်ငန်းကို မြန်မာနိုင်ငံမှ Orchard ကုမ္ပဏီနှင့် နယ်သာလန် နိုင်ငံအခြေစိုက် Jamal Ahmed of the Canadian Firm ကုမ္ပဏီ တို့က အကျိုးတူ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ တီလားဗီးယား ငါးသားပေါက် များကို မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းများသို့ ဖြန့်ဖြူးရောင်းချ ပေးမည့်အပြင် နိုင်ငံတကာ ဈေးကွက်များ သို့လည်း တင်ပို့ရောင်းချ သွားမည် ဖြစ်သည်။

အဆိုပါ ငါးသားဖောက် လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း လာပါက ငါးသားပေါက် လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်သဖြင့် မွေးမြူသူ များပြားလာကာ ဥရောပ ဈေးကွက်နှင့် အမေရိကန်နိုင်ငံ ဈေးကွက်များသို့ ဈေးကွက် လိုအပ်ချက် ချက်ပြည့်မီအောင် တင်ပို့ပေးနိုင်မည် ဖြစ်သဖြင့် ငါးမွေးမြူရေး လုပ်ငန်းများ အတွက် အားတက်ဖွယ် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းများအတွက် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ငါးသားပေါက်များ ရရှိရေးအတွက် စီမံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment