Pages

Tuesday, December 29, 2015

ပျော်ဘွယ်မြို့ နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ထွက်ခွာ



နေပြည်တော် ၊ ၂၉-၁၂-၂ဝ၁၅

တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန် ယမန်နေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ တပ်မတော် ဆေးရုံမှ မော်တော်ယာဉ် များဖြင့် ထွက်ခွာ သွားသည်။

အဆိုပါ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့တွင် ကျန်းမာရေးပါရဂူ ဒုတိယ ဗိုလ်မှူးကြီး ဝင်းနိုင် ဦးဆောင်သည့် ခွဲစိတ် ပါရဂူ၊ မျက်စိပါရဂူ၊ ကလေးပါရဂူ၊ သားဖွား၊ မီးယပ်ပါရဂူ၊ ရောဂါဗေဒပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ မေ့ဆေးပါရဂူ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ သူနာပြုများနှင့် သူနာပြု စစ်သည်များ လိုက်ပါသွား ကြကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment