Pages

Monday, December 21, 2015

ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး



နေပြည်တော် ၊ ၂၁-၁၂-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ ဆီဘူးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၆ဝ ဦးအား ဆီဘူးတိုက်နယ် ဆေးရုံ၌ ဒီဇင်ဘာ ၁၉ ရက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သည့်အပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများအား နယ်မြေခံ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေးစီစဉ်ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး နေမှုကို တိုင်းမှူး ဗိုလ်ချုပ် အေးဝင်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး  ဆေးကုသမှု လာရောက်ခံယူလျက် ရှိသော ဒေသခံပြည်သူ များနှင့် ဆီဘူးတိုက်နယ် ဆေးရုံတွင် တက်ရောက် ကုသလျက် ရှိသော ဒေသခံ ပြည်သူများအား စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆီဘူးကျေးရွာရှိ ကယန်းပြည်သစ်ပါတီ၊ အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင် များအား တွေ့ဆုံ  အမှာစကား ပြောကြားပြီး ရုပ်သံဖမ်းစက် တစ်စုံ၊ ဆန် ၂ဝ အိတ်၊ ဆီ ၂ဝ  ပိဿာနှင့် စားသောက်ဖွယ်ရာ များကို ပေးအပ်သည်။ ယင်းနောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

၎င်းနောက် ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းမှ ဖွင့်လှစ်ထားသော ကျောင်းဘော် ဒါ ဆောင် ရှိ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ ဘော်ဒါဆောင် အတွက် ဆန် ၁ဝ အိတ်၊ ဆီ ၁ဝ ပိဿာ၊  ခေါက်ဆွဲခြောက် နှင့် အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ ပညာရေး ဆိုင်ရာကိစ္စရပ်များ အသုံးပြုရန် အတွက် တန်ဖိုးငွေကျပ် ၄၆၅ဝဝဝ ရှိ ကွန်ပျူတာ တစ်စုံအား ပေးအပ်လှူဒါန်းပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment