Pages

Saturday, December 19, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်း အရာရှိမျာအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် စစ်တီးဝိုင်းကို ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ တပ်မတော်ဆေးက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲတွင် မြ၀တီအငြိမ့်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှု ကို ကြည့်ရှုအားပေးစဉ်  


နေပြည်တော် ၊ ၁၉-၁၂-၂၀၁၅

တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး ၏ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများနှင့် မိဘဆွေမျိုးများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သင်တန်းဆင်း အရာရှိများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်း အရာရှိများ၊ မိဘဆွေမျိုးများနှင့် အတူ ညစာ သုံးဆောင်ကြသည်။ ညစာ သုံးဆောင်နေစဉ် မြဝတီ တေးဂီတအဖွဲ့ နှင့် တပ်မတော် ဆေးတက္ကသိုလ် စစ်တီးဝိုင်းတို့က တေးသီချင်းများ ဖြင့် သီဆိုတီးခတ် ဖျော်ဖြေကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်သည်။

သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ ကျောင်းဆင်း အရာရှိများနှင့် မိဘဆွေမျိုး များသည် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ မြဝတီ တေးဂီတ အဖွဲ့နှင့် မြဝတီအငြိမ့် အဖွဲ့တို့၏ ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment