Pages

Thursday, November 5, 2015

Microsoft က ခေတ်မမီတော့သည့် Windows 7 ကွန်ပျူတာများကို ရောင်းချမှုရပ်ဆိုင်းမည်


ဝါရှင်တန် ၊ ၅-၁၁-၂၀၁၅

Microsoft ကုမ္ပဏီသည် ၄င်း၏ နောက်ဆုံးထုတ် Windows 10 ကိုကျယ်ပြန့်စွာ ဖြန့်ချိလျက် ရှိရာ ခေတ်မမီ တော့သည့် Windows 7 ကို ကွန်ပျူတာ များတွင် ထည့်သွင်း အသုံးပြုမှုကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်ထိသာ ခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။

'' Microsoft က Windows Life cycle စာမျက်နှာမှာ Windows 7 သက်တမ်း ကုန်ဆုံးမယ့် နောက်ဆုံး နေ့ရက်ကို ဖော်ပြလိုက်ပြီ ဖြစ်ပါတယ်။ ရက်စွဲက ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၃၁ ရက် ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ Windows 8.1 ရောင်းချမှုကိုပါ တစ်ပြိုင်နက် ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ဒီတော့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၃၁ ရက် နောက်ပိုင်းမှာ ကမ္ဘာပေါ်က ရှိရှိသမျှ ကွန်ပျူတာ တွေဟာ Windows 10 ကိုပဲ အသုံးပြု သွားရမှာ ဖြစ်ပါတယ်'' ဟု လေ့လာ ဆန်းစစ်သူ တစ်ဦးက ပြောပြသည်။

''တကယ်တော့ Windows 7 ကို အရောင်းပိတ်တာ တခြား Windows တွေကို အရောင်း ပိတ်တာထက် အများကြီးပိုပြီး နောက်ကျ နေပါတယ်။ အရင် Windows တွေကိုဆိုရင် နောက်ပေါ်တဲ့ Windows သက်တမ်း
နှစ်နှစ်ပြည့်တာနဲ့ အရောင်းပိတ် လိုက်လေ့ ရှိပါတယ်။ Windows 7 ဟာ တကယ်တော့ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ကတည်းက အရောင်းပိတ် ထားရမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

'' Windows 7 ကိုအရောင်း ပိတ်တယ် ဆိုပေမယ့် Windows & ကို လုံးဝ ဆက်သုံးလို့ မရတော့ဘူးလို့ မဆိုလိုပါဘူး။ သုံးတဲ့ လူတွေက ဆက်သုံးနေလို့ ရပါတယ်။ ဒါပေမဲ့ Mainstream Support တွေ အားလုံးကို ဇန်နဝါရီလ ကတည်းက ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ Extended Support ကိုတော့ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီထိ ဆက်လက်ပံ့ပိုး သွားမှာ ဖြစ်ပါတယ်'' ဟု၎င်းက ဆက်လက် ရှင်းပြ၍ သိရသည်။

Microsoft to discontinue Windows 7 and 8.1 next November

#Yadanarpondaily

No comments:

Post a Comment