Pages

Monday, November 30, 2015

ပိုလီယိုကာကွယ်ဆေးအသစ် IPV ကို ဒီဇင်ဘာလမှစ၍ ထပ်ဆောင်း ထိုးနှံပေးမည်


ရန်ကုန် ၊ ၃၀-၁၁-၂၀၁၅

ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့ပူးပေါင်း၍ ဒီဇင်ဘာလမှ စတင်ကာ ပုံမှန် ကာကွယ်ဆေးထိုး လုပ်ငန်းတွင် တိုက်ကျွေးလျက် ရှိသည့် ပိုလီယို အစက်ချ ကာကွယ်ဆေး OPV အပြင် ကာကွယ်ဆေး အသစ် IPV ကို ပုံမှန် ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ထည့်သွင်းထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပိုလီယိုရောဂါ သည် ကူးစက်မြန် ရောဂါဖြစ်ပြီး ဖြစ်ပွား လာပါကလည်း ကုသရန် နည်းလမ်းမရှိ သောကြောင့် ကာကွယ်ဆေး သည်သာ အထိရောက်ဆုံး ကာကွယ် ပေးနိုင်သည့် နည်းလမ်း တစ်ခုဖြစ်ကြောင်း သိရသည်။

''ပိုလီယိုက နှစ်မျိုး ရှိပါတယ်။ အပြင်ကနေ ပိုးဝင်ပြီး ဖြစ်တဲ့ ပိုလီယိုရယ်၊ သောက်ဆေးမှာ ပါတဲ့ ပိုလီယို ဗိုင်းရပ်စ်ပိုး က ကြာလာတဲ့ အခါမှာ အသွင်ပြောင်း ပြီးတော့ ကာကွယ်ဆေး တိုက်ကျွေးမှု အားနည်းတဲ့ ကလေးတွေမှာ ဖြစ်တတ်တဲ့ ပိုလီယိုရောဂါ ပါ။ အခုတိုက်နေတဲ့ ဆေးထဲမှာ ပိုးသုံးမျိုး ပါတယ်။ တစ်မျိုးကို လျှော့ရမယ်။ အဲဒီ လျှော့လိုက်တဲ့ ဆေးနဲ့ ပတ်သက်တဲ့ ဗိုင်းရပ်စ်ပိုး ပြန့်ပွား မလာအောင် အားဖြည့်တဲ့ အနေနဲ့ ထိုးဆေး တစ်မျိုးကို ထပ်ဆောင်း ပေးတာပါ။ ဒီဇင်ဘာလမှာ စထိုးမှာပါ'' ဟု ရန်ကုန် ကလေးဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ ရဲမြင့်ကျော် က ပြောသည်။

အဆိုပါ ပိုလီယို ကာကွယ်ဆေး အသစ် IPV သည် ပိုလီယို အစက်ချ ကာကွယ်ဆေး အပြင် ထပ်ဆောင်းပေးသော ကာကွယ်ဆေး ဖြစ်ပြီး အစားထိုးခြင်း မဟုတ်ကြောင်း၊ ယင်းဆေးကို အသက်လေးလမှ စတင်၍ ထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (ဆုလာဘ်)

#Themyawadydaily

No comments:

Post a Comment