Pages

Friday, November 20, 2015

Construction, Power & Mining Myanmar 2015 ပြပွဲ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ထိပ်တန်းကုမ္ပဏီပေါင်း ၁၆၀ ခန့် လာရောက် ပြသမည်



ရန်ကုန် ၊ ၂၀-၁၁-၂၀၁၅

နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ထိပ်တန်း ကုမ္ပဏီပေါင်း ၁၆ဝ ခန့် လာရောက်ကာ မြန်မာနိုင်ငံ အတွက် အရေးပါဆုံး ကဏ္ဍသုံးခုကို ပူးတွဲပြသမည့် တတိယ အကြိမ်မြေက် Construction, Power & Mining Myanmar 2015
ပြပွဲကို ဖွင့်လှစ်ပြသ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ လုပ်ငန်းရှင်များ အသင်း၏ သတင်းများ အရ သိရသည်။

အဆိုပါပြပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ ကွန်ဗင်းရှင်း စင်တာ ၌ ယခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂၈ ရက်ထိ သုံးရက်ကြာ ပြသသွားမည် ဖြစ်သည်။ အဆိုပါ တတိယ အကြိမ်မြောက် Construction, Power & Mining Myanmar 2015 အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံ၏ အရေးပါဆုံး လုပ်ငန်းနယ်ပယ် သုံးခုဖြစ်သည့် Building & Construction, Electrical Power & Renewable Energy နှင့် Mining & Mineials Recovery ဟူ၍ နိုင်ငံတကာ ကုန်စည် ပြပွဲသုံးခုကို တစ်ပါတည်း ပူးတွဲပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် Myanmar German Renewables Training (MGRT) တင်ဆက်မည့် လေ့ကျင့်ရေး အစီအစဉ်သစ် ကိုလည်း ထည့်သွင်း ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ် ကိုလည်း သုံးရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဟိုတယ်နှင့် အဆောက်အအုံ၊ ကုန်ထုတ်လုပ်ရေး၊ တယ်လီကွန်း ဆက်သွယ်ရေး တို့အတွက် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ဖြေရှင်းနည်း များကို ဆွေးနွေးကြမည် ဖြစ်သည်။

အဆိုပါ MGRT အခမ်းအနားသည် “Renewabls-Made in Germany ” ဟူသော ပုံစံဖြင့် ကျင်းပခြင်း ဖြစ်ပြီး စီးပွားရေး မိတ်ဖက်သစ်များ ရှာဖွေရာတွင် ပိုမို အဆင်ပြေချောမွေ့ စေရန်နှင့် ရှိပြီးသား စီးပွားရေး မိတ်ဖက်များ နှင့် ဆက်ဆံရေး ပိုမို ကောင်းမွန်စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment