Pages

Wednesday, November 25, 2015

ရန်ကုန်မြို့အတွင်းရှိ ကားအရောင်းပြခန်းများ မြို့ပြင်ရှိ ရပ်ကွက်များသို့ ပြောင်းရွှေ့ဖွင့်လှစ်လာ



ရန်ကုန် ၊ ၂၅-၁၁-၂၀၁၅

ရန်ကုန်မြို့အတွင်းရှိ ကားအရောင်း ပြခန်းများတွင် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်၍ ကားရောင်းချရမှု နည်းပါးလာပြီး မြို့တွင်း၌ ကားများထားရှိရန် ခြံငှားရမ်းခ ဈေးနှုန်းများ မြင့်မား လာခြင်းတို့ကြောင့် မြို့ပြင်ရပ်ကွက် များရှိ ခြံများသို့ ပြောင်းရွှေ့ ဖွင့်လှစ်မှု များပြား လာကြောင်း သိရသည်။

''ကားအရောင်းပြခန်း ဖွင့်လှစ်တယ် ဆိုတာက ခြံအကျယ်ကြီးတွေ ငှားရမ်းပြီးမှ ဖွင့်လို့ရတာပါ။ လက်ရှိမှာ ရန်ကုန်မြို့ အတွင်းမှာရှိတဲ့ ခြံတွေရဲ့ငှားရမ်းခ ဈေးနှုန်း တွေက သိသိသာသာ မြင့်တက် လာတာကြောင့် အခုမှ စဖွင့်လှစ်မယ့် ကားအရောင်း ပြခန်းတွေရော အရင်က ခြံတွေမှာ ငှားရမ်း ဖွင့်ထားတဲ့ ကားအရောင်း ပြခန်းတချို့ပါ မြို့ပြင်ထွက်ပြီး ခြံငှားကြတယ်။ လက်ရှိ ခြံတွေမှာ စာချုပ်သက်တမ်း တိုးပြီး မဖွင့်တော့ဘူး။ ကားအရောင်း ပြခန်းတွေက မရောင်းရတဲ့ ကားတွေရော အသစ်တွေပါ စုပေါင်းပြီး ကားအရေအတွက် များများ ထားလို့ရမယ့် မြို့ပြင် ရပ်ကွက်မှာ ရှိတဲ့ခြံတွေကို ပြောင်းရွှေ့ပြီး ကားအရောင်း ပြခန်းတွေ ဖွင့်လှစ်လာကြပါတယ်။ ဒီလို ပြောင်းရွှေ့ ဖွင့်လှစ်လိုက် တာကြောင့် မြို့တွင်းက ကားဝယ်သူတွေ အတွက် နည်းနည်း ဝေးသွားပေမယ့် ကျန်တာ အကုန်အဆင်ပြေ တယ်'' ဟု မင်္ဂလာဒုံ မြို့နယ်၌ ကားအရောင်း ပြခန်း ပြောင်းရွှေ့ ဖွင့်လှစ်ထားသည့် ကားအရောင်းပြခန်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းမှ မြို့ပြင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်သည့် ကားအရောင်း ပြခန်းပေါင်း ၂ဝ ကျော်ရှိပြီး လှိုင်သာယာ၊ မှော်ဘီ၊ မင်္ဂလာဒုံ စသည့်နေရာ များသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ အတွင်းရှိ ကားအရောင်းပြခန်း တချို့မှာ မြေနေရာ ငှားရမ်းမှု ဈေးနှုန်း မြင့်မား လာခြင်းကြောင့် ဆက်လက် ဖွင့်လှစ် နိုင်ခြင်းမရှိဘဲ လုပ်ငန်းရပ်ဆိုင်း လိုက်ရကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment