Pages

Thursday, November 19, 2015

မြန်မာနိုင်ငံအနှံ့အပြား၌ တရုတ်လိုင်လီ (အဖြူရောင်) ပန်းပင်များ စိုက်ပျိုးမှု ပိုမိုများပြားလာ



ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

ယခင်က တရုတ်လိုင်လီ (အဖြူရောင်) ပန်းမျိုးများကို အအေးပိုင်း ဒေသများတွင်သာ စိုက်ပျိုးခဲ့ သော်လည်း ယခုနှစ်တွင် အပူပိုင်းဒေသ များ၌ပါ စိုက်ပျိုးရန် မျိုးဥများဝယ်ယူ မှုများ ရှိနေကြောင်း သိရသည်။

''ဒီလပိုင်းထဲမှာ စတင်စိုက်ပျိုးရင် မေလနဲ့ ဇွန်လပိုင်းမှာ အပွင့်တွေ ပွင့်ပါပြီ။ ဒီလပိုင်းမှာ စစိုက်ပျိုး ရတာကြောင့် အခုမျိုးဥ ဝယ်ယူမှုတွေ များနေပါတယ်။ လိုင်လီပန်းကို စိုက်ပျိုးရတာ မှိုဆေးဖိုးနဲ့ ပိုးသတ်ဆေးဖိုး သက်သာပါတယ်။ အပင်ကြီးလာမှ ကြက်ချေး၊ မြေဆွေးကို လခြားပြီး ကျွေးပေးရင်ရပါပြီ။ ဒီပန်းဟာ သက်ရှည်မျိုး ဖြစ်တာကြောင့် စိုက်ပျိုးသူတွေ အတွက် အဆင်ပြေ ပါတယ်။ အခုနေရာ ဒေသမရွေး စိုက်ပျိုးလို့ ရတော့ ဝယ်ယူမှု များနေပါတယ်'' ဟု သူရိန်မင်း ပန်းစိုက်ပျိုးရေး ခြံမှ သိရသည်။

ဈေးကွက်အတွင်း တရုတ်လိုင်လီ ပန်းများသည် ကြာရှည်ခံပြီး အပွင့်ကြီး ခြင်းကြောင့် မြန်မာလိုင်လီပန်း များထက် ပို၍လူကြိုက် များကြောင်း သိရသည်။

၎င်းပန်းကို စိုက်ပျိုးရာတွင်လည်း နွားချေးထူထူ ပုံကာ စိုက်ရပြီး တခြားဂန္ဓာမာ ပန်းများကဲ့သို့ နေ့စဉ် ပိုးသတ်ဆေး ဖျန်းပေးစရာ မလိုဘဲ နှစ်လသား အရွယ်မှသာ အနည်းငယ် ဖျန်းပေးရသဖြင့် အကုန်အကျ သက်သာပြီး ဈေးကွက်လည်း ရှိခြင်းကြောင့် ယခုနှစ်တွင် စိုက်ပျိုးရန် မျိုးဥများ ဝယ်ယူမှု များပြားနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လိုင်လီပန်းဥ တစ်ဥလျှင် ကျပ် ၁၇ဝ ခန့်ပေးရပြီး ပန်းများပွင့် လာလျှင်လည်း တရုတ်လိုင်လီ (အဖြူရောင်) ၏ တစ်ပွင့် သို့မဟုတ် နှစ်ပွင့်၊ သုံးပွင့်ပါ တစ်ခက်လျှင် မြန်မာငွေ ကျပ် ၇ဝဝ မှ ၁၅ဝဝ ကြား ရှိခြင်းကြောင့် ဈေးကွက်ရှိပြီး တာရှည်ခံ သဖြင့် ဈေးကွက်အတွင်း လူကြိုက်များကာ စိုက်ပျိုးမှု များပြား လာရခြင်း ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment