Pages

Monday, November 23, 2015

အင်းလေးကန်အတွင်း ဆောင်းခိုငှက်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ မပြုလုပ်ကြရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေ



ညောင်ရွှေ ၊ ၂၃-၁၁-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ အင်းလေးကန် အတွင်း စတင်ဝင်ရောက် လာပြီဖြစ်သော ဆောင်းခိုငှက် များအား ဖမ်းဆီး သတ်ဖြတ်ခြင်းများ မပြုလုပ်ကြရန် ဒေသခံများကို ပညာပေး လုပ်ငန်းများ ဆောင်ရွက် နေကြောင်း အင်းလေးတောရိုင်း တိရစ္ဆာ န် ဘေးမဲ့တော ဌာနမှ သိရသည်။

ယခုအချိန်သည် ဆောင်းခိုငှက်များ ဝင်ရောက် လာချိန် ဖြစ်သဖြင့် ဒေသခံများက ဆောင်းခိုငှက် များကို ဖမ်းဆီး သတ်ဖြတ်ကာ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြား ခရီးသွား ဧည့်သည် များအား ပြန်လည် ရောင်းချ ခြင်းများ ပြုလုပ်နေ သဖြင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဆောင်းခိုငှက် များ၏ လာရောက် တတ်သည့်ကာလ နှင့် လာရာ လမ်းကြောင်း များကိုကြည့်ပြီး ဆောင်ရန်၊ ရှောင်ရန် များကို သိရှိစေရန် ပညာပေး လုပ်ငန်းများ လုပ်ဆောင် နေကြောင်း သိရသည်။

ထိုသို့ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရီးသွား လမ်းညွှန်များကို ဆောင်းခိုငှက် ထိန်းသိမ်းခြင်း ဆိုင်ရာများနှင့် ပတ်သက်သည့် သင်တန်းများ၊ ဟောပြောပွဲ များကို ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက် နေကြောင်း၊ ငှက်ကြည့် လုပ်ငန်းများ၌ ဥပဒေပိုင်း ဆိုင်ရာများကို ခရီးသွား လမ်းညွှန်များမှ တစ်ဆင့် ဒေသခံများကို ပြောပြပေး နိုင်ရန် ပညာပေး အစီအစဉ်များ လုပ်ဆောင် နေကြောင်း သိရသည်။

UNESCO ၏ လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် အင်းလေးကန် အတွင်းသို့ နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ တို့တွင် ဆောင်းခိုငှက် မျိုးစိတ်ပေါင်း ၃၅ဝ ခန့်ရှိပြီး အကောင်ရေ သောင်းချီ လာရောက်လေ့ ရှိသည်။ အဆိုပါ ဒေသသို့ ငှက်ကြည့်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည် များလည်း လာရောက် ကြကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment