Pages

Thursday, November 19, 2015

မရှိမဖြစ် ဖောလိပ်ခေါ် ဗီတာမင် B9



မရှိမဖြစ် ဖောလိပ်ခေါ် ဗီတာမင် B9

ဗီတာမင် B9 ဟာ သဘာဝအားဖြင့် (မပြုမပြင်) တွေ့ရသော မရှိမဖြစ် အာဟာရဓာတ် ဖြစ်သည်။ တစ်နည်း ဖောလိတ် (Folate) လို့ ခေါ်လေ့ရှိတယ်။ ဖောလိတ်ဟာ ခန္ဓာကိုယ ထဲမှာ ကလာပ်စည်း ကြီးထွားမှု နှင့် ဗီဇ DNA ဖွဲ့စည်းမှုမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခု အဖြစ် ပါဝင်တယ်။ ဒါ့ကြောင့် ဖောလိတ် ပမာဏ နည်းပါးချို့တဲ့လျှင် ပြင်းထန် ဆိုးဝါးသော ကျန်းမာရေး အခြေအနေ များစွာ ဖြစ်လာနိုင်တယ်။ ဥပမာ သွေးထဲမှာ ဟိုမိုစစ်စတင်း ပမာဏ မြင့်တက် လာခြင်းကြောင့် လေဖြတ်ရောဂါ နှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်မားပါတယ်။

မိခင်လောင်းများ ပဋိသန္ဓေဆောင် နေစဉ် ဤ ဗီတာမင် B9 ချို့တဲ့ပါက မွေးလာမယ့် သန္ဓေသားမှာ အာရုံကြောမ ချွတ်ယွင်းချက် ရောဂါတွေ ပါလာနိုင်တယ်။ ကင်ဆာရောဂါ တွေလည်း ဖြစ်လာနိုင် ပါတယ်။ ဖောလ်တ် ပမာဏ နည်းလျှင် ကင်ဆာ အမျိုးမျိုး ဖြစ်လာနိုင် တာမို့ ဖောလိတ် ကြွယ်ဝတဲ့ နံနံပင် ၊ မြန်မာနံနံ ၊ တရုတ်နံနံပင် နဲ့ ပဲနီလေး ၊ ဟင်းနုနွယ် ၊ ပဲ အမျိုးမျိုး ၊ မုန်လာဥဖြူ ၊ ဘရိုကိုလီ စသည်တို့ပါအောင် စားပေးသင့်ကြောင်း လေ့လာ ရေးသား လိုက်ရပါတယ်။ (Healthcare Asia)

#Themyawadydaily

No comments:

Post a Comment