Pages

Monday, October 26, 2015

ပဲခူးရိုးမအတွင်းရှိ တောဆင်ရိုင်းများကို လေ့လာစောင့်ကြည့် နိုင်ရန် GPS ကိရိယာများ တပ်ဆင်မည်


၂၀၁၄ ခုနှစ်က ပဲခူးရိုးမအတွင်းရှိ တောဆင်ရိုင်းများကို GPS ကိရိယာ တပ်ဆင်ပေးစဉ်

ရန်ကုန် ၊ ၂၆-၁၀-၂၀၁၅

ပဲခူးရိုးမ အတွင်းရှိ တောဆင်ရိုင်း များကို တရားမဝင် ဖမ်းဆီး သတ်ဖြတ်ခြင်းမှ ကာကွယ်ရန်နှင့် ဆင်များ၏ လှုပ်ရှားမှု သဘာဝကို လေ့လာ စောင့်ကြည့်နိုင်ရန် ရေဒီယို ကော်လာ (လှုပ်ရှားမှုကို စောင့်ကြည့်သည့် GPS ကိရိယာ) များကို ဒီဇင်ဘာလ အတွင်း တပ်ဆင်၍ စောင့်ကြည့် မှတ်တမ်းတင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ တောဆင်ရိုင်း များကို ရေဒီယိုကော်လာ တပ်ဆင်ခြင်းသည် ဒုတိယအကြိမ် တပ်ဆင်ခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ကလည်း ပဲခူးရိုးမ အတွင်းရှိ တောဆင်ရိုင်း လေးကောင်ကို တပ်ဆင် ပေးခဲ့ကြောင်း၊ ယင်း ကိရိယာကို တောဆင်ရိုင်းများ ၏ လည်တွင် တပ်ဆင်၍ ဆင်များ၏ လှုပ်ရှားမှုကို ဂြိုဟ်တုမှ တစ်ဆင့် စောင့်ကြည့် လေ့လာမည် ဖြစ်ရာ တောဆင်ရိုင်း များ၏ သဘာဝ လှုပ်ရှားမှု အခြေအနေ များကို သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပဲခူးရိုးမ အတွင်းရှိ တောဆင်ရိုင်း များတွင် ရေဒီယိုကော်လာ တပ်ဆင်ခြင်းကို မြန်မာ့ သစ်လုပ်ငန်းနှင့် အမေရိကန် နိုင်ငံ Smithsonian Conservation and Biology Institute တို့ပူးပေါင်း၍ တိုက်ကြီးမြို့နယ် ပဲခူးရိုးမ အတွင်းရှိ တောဆင်ရိုင်း ငါးကောင်ကို ဒီဇင်ဘာလတွင် စတင် တပ်ဆင်မည် ဖြစ်ကြောင်း မြန်မာ့ သစ်လုပ်ငန်း ရုံးချုပ်မှ သိရသည်။

မြန်မာနိုင်ငံ၌ တောဆင်ရိုင်း အကောင်ရေ ၅ဝဝဝ ခန့်ရှိမည်ဟု ၂ဝဝ၃ ခုနှစ်က ခန့်မှန်းခဲ့ သော်လည်း လက်ရှိတွင် သစ်တော ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော များနှင့် သဘာဝနယ်မြေ အတွင်း တောဆင်ရိုင်း အကောင်ရေ ၃ဝဝဝ ခန့်သာ ကျန်ရှိတော့ မည်ဟု နိုင်ငံတော်မှ ခန့်မှန်း ထားသည်။

ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တို့မှာ လူနှင့်ဆင် ပဋိပက္ခ ဖြစ်မှုနှင့် တရားမဝင် သတ်ဖြတ်မှု အများဆုံး ခံရသောနေရာများ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment