Pages

Friday, October 9, 2015

အော်ဂဲနစ်နည်းပညာဖြင့် စိုက်ပျိုးသော ကြယ်ပဲများကို EU နိုင်ငံများမှ ၀ယ်ယူမည်



ရန်ကုန် ၊ ၉-၁၀-၂၀၁၅

ဈေးကွက်တစ်ခု ရရှိလာပြီ ဖြစ်သော ကြယ်ပဲကို ပြည်တွင်း၌ စိုက်ပျိုးလျက် ရှိပြီး အဆိုပါ စိုက်ပျိုးမှုများမှ အော်ဂဲနစ် နည်းပညာ ဖြင့် စိုက်ပျိုး ထုတ်လုပ်သော ကြယ်ပဲများကို EU နိုင်ငံများမှ ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

''ကြယ်ပဲတွေကို ထိုင်းနိုင်ငံက ဝယ်ပါတယ်။ ဒီလိုဝယ်တဲ့ အခါမှာ ၁ ကီလိုကို ဘတ် ၅ဝ နဲ့ ဝယ်နေတာပါ။ အော်ဂဲနစ် နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ ကြယ်ပဲဆိုရင် EU က ထိုင်းနိုင်ငံထက် ပိုပြီး ဈေးကောင်းပေး ဝယ်ယူမှာပါ။ ကြယ်ပဲက တစ်နှစ် ပတ်လုံးလည်း ထွက်ရှိ တာကြောင့် အခုဆို တောင်သူတွေက စိတ်ဝင်တစား စိုက်ပျိုးမှုတွေ ရှိလာပါပြီ။ ဒါကြောင့် EU ကို တင်ပို့နိုင်အောင် ကြယ်ပဲတွေကို အော်ဂဲနစ် နည်းနဲ့ စိုက်ပျိုးမှုတွေ ပိုမိုပြုလုပ် နေပါတယ်'' ဟု အင်္ဂပူမြို့နယ် မှ ကြယ်ပဲ စိုက်ပျိုးသည့် တောင်သူများက ပြောသည်။

ယခုအချိန်တွင် ကြယ်ပဲအား ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကုမ္ပဏီများက စားသုံးဆီ အဖြစ် ထုတ်လုပ်ရုံ သာမက ၄င်းတွင် အိုစီဂါ၊ အိုမီဂါ၊ ဖက်တီးအက်စစ် ၊ အိုင်အိုဒင်းဓာတ် ၊ ဗီတာမင်အေ နှင့် ဗီတာမင်အီး တို့ အများအပြား ပါဝင်ပြီး ဆေးဝါးများ၊ အလှကုန် များကို ထုတ်လုပ် နိုင်သောကြောင့် ကြယ်ပဲသည် ဈေးကွက်ဝင် လူကြိုက်များသော သီးနှံတစ်မျိုး ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် မကွေးတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ ကြယ်ပဲအား အဓိက စိုက်ပျိုးနေပြီး ဖြစ်ထွန်းမှု များလည်း ရှိကြောင်း သိရသည်။

ကြယ်ပဲများကို ပြည်တွင်း၌ အသုံးပြုရန် အဓိက စိုက်ပျိုးပြီး ပိုလျှံပါက ပြည်ပသို့ တင်ပို့မည် ဖြစ်သည်။ ပြည်ပသို့ တင်ပို့ရာတွင် EU နိုင်ငံများမှ ဝယ်ယူမည် ဖြစ်သဖြင့် ၄င်းတို့ ကြိုက်နှစ်သက်သည့် အော်ဂဲနစ် အမျိုးအစား ဖြစ်စေရန် ဈေးကွက်ဝင် မျိုးသန့်များအား ရွေးချယ်စိုက်ပျိုးမှု ပြုလုပ်စေပြီး စိုက်ပျိုးသည့် နေရာတွင် ပိုးသတ်ဆေး သုံးစွဲမှု၊ မျိုးစေ့ ဖြန့်ဝေမှု၊ စိုက်ပျိုး နည်းစနစ်များကို ပညာပေး၍ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

သီရိ

မြဝတီနေ့စဉ် ၊ စာ(၁ဝ)

#Themyawadydaily

No comments:

Post a Comment