Pages

Wednesday, October 21, 2015

မန္တလေးတက္ကသိုလ်၌် ခရီးသွားလုပ်ငန်း ပညာနှင့် စီမံခန့်ခွဲမှုပညာ ဒီပလိုမာ(DTSM) သင်တန်းဖွင့်လှစ်မည်


မန္တလေး ၊ ၂၁-၁ဝ-၂ဝ၁၅

မန္တလေးတက္ကသိုလ် ၌ ခရီးသွား လုပ်ငန်းပညာ နှင့် စီမံခန့်ခွဲမှုပညာ ဒီပလိုမာ (Diploma in Tourism Studies and Management- DTSM) သင်တန်း အမှတ်စဉ် (၅/၂ဝ၁၅)ကို သင်တန်းကာလ အချိန်ပိုင်း ကိုးလဖြင့် မန္တလေးတက္ကသိုလ် (လေးထပ် စာသင်ဆောင်) ၌ ဒီဇင်ဘာ ၁ ရက်မှစတင်၍ ဖွင့်လှစ် သင်ကြားပို့ချ မည်ဖြစ်သည်။

အဆိုပါ သင်တန်းတွင် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီး သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသူ များသည် သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံဖြင့် ကျောင်းသား ရေးရာဌာန မန္တလေး တက္ကသိုလ်၌ အောက်တိုဘာ ၁၃ ရက်မှ နိုဝင်ဘာ ၁၃ ရက် အထိ တင်သွင်း လျှောက်ထား နိုင်သည်။

သင်တန်းသား ဦးရေ ကန့်သတ် လက်ခံမည် ဖြစ်၍ သင်တန်းဝင်ခွင့် အရည်အချင်းစစ် ရေးဖြေ စာမေးပွဲကို မန္တလေးတက္ကသိုလ် ၌ နိုဝင်ဘာ ၁၆ ရက် နံနက် ၁ဝ နာရီတွင် Tourism ဆိုင်ရာ ဗဟုသုတနှင့် အင်္ဂလိပ်စာ ဘာသာရပ်ကို ဖြေဆိုကြ ရမည် ဖြစ်သည်။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဌာနမှူး (သင်တန်းရေးရာ) မန္တလေး တက္ကသိုလ် ၌ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။

မောင်မောင်

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment