Pages

Tuesday, October 27, 2015

ဖားကန့်ဒေသ၌ ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းများကို စက်ယန္တရားများဖြင့် လုပ်ကိုင်သောကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာ



ဖားကန့် ၊ ၂၇-၁၀-၂၀၁၅

ကချင်ပြည်နယ် ဖားကန့် ဒေသ၌ ကျောက်စိမ်း တူးဖော်ခြင်း လုပ်ငန်းကို စက်ယန္တရား များဖြင့် လုပ်ကိုင် လာသောကြောင့် နယ်မြေဒေသ အတွင်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံများ ထံမှ သိရသည်။

ဖားကန့်နယ်မြေကို ကချင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ကုမ္ပဏီ အမည်ခံ၍ နေရာ အနှံ့အပြား၌ ဘက်ဟိုးကား အစီးရေ ၁ဝဝဝ ဖြင့် မြေပေါ် မြေအောက် ကျောက်စိမ်း တူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက် နေလျက်ရှိသည်။

အဆိုပါ ဒေသတွင် ဒေသ ဖွံ့ဖြိုးရေး အထောက်အကူ ပြုသည့် လမ်းတံတား ချောင်းမြောင်း ကာကွယ်မှု အားနည်းပြီး လူမှုဘဝ တိုးတက်ရေး အခြေပြု စာသင်ကျောင်းများ၊ ကျန်းမာရေး ဆေးရုံးများ၊ ဆက်သွယ်ရေး လုပ်ငန်းများ လိုအပ်လျက် ရှိသည်။

ပေ ၅ဝဝ ခန့် သတ္တု ကျောက်စိမ်း တူးဖော် ရှာဖွေရာတွင် ဘက်ဟိုး မြေတူးကော်ယူ ကားများ အသုံးပြု၍ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းအတွက် ဘက်ဟိုးကား တင်သွင်းမှုသာ အားကောင်းလျက် ရှိကြောင်း၊ အဆိုပါ မြေတူးမြေကော် စက်များဖြင့် တူးဖော် ထားသော မြင့်မားသည့် တောင်ပို့များ၊ ကျယ်ဝန်း လှသည့် တွင်းနက်များကို မြေပြန်မဖို့ သောကြောင့် မြေပြိုပိ၍ လူအသေ အပျောက်များ ရှိနေကြောင်း ဒေသခံများက ပြောပြ၍ သိရသည်။

ထို့ပြင် ဖားကန့်မြို့နယ် သည် ကျောက်စိမ်း ထွက်ရှိရာ ဒေသဖြစ်၍ ကုန်ဈေးနှုန်း ကြီးမြင့်စွာ ဝယ်ယူစားသုံး ရခြင်းများ၊ ကုန်စည် စီးဆင်းမှုကို ထိန်းချုပ် နိုင်သည့် အနေအထား မရှိခြင်းကြောင့် နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာ ငွေများ နစ်နာပြီး ဒေသ အကျိုးပြု အားနည်း နေမှုများကို ကြပ်မတ် စစ်ဆေး ဆောင်ရွက်ပေး၍ အနာဂတ် ကာလကို ထိခိုက်ပျက်စီးမှု မရှိစေရန် ဆောင်ရွက် ပေးသင့်ကြောင်း ဒေသခံများထံမှ သိရသည်။

ငွေအိုး(ကသာ)

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

No comments:

Post a Comment