Pages

Monday, October 19, 2015

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သင်ရိုးညွှန်းတမ်းသစ် သင်ခန်းစာ ခြောက်ခုဖြင့် သူငယ်တန်း ကျောင်းသား ကျောင်းသူများကို သင်ကြားပေးမည်


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၅

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် သင်ရိုး ညွှန်းတမ်းသစ်ဖြင့် သင်ကြားမည့် သူငယ်တန်း ကျောင်းသား၊ ကျောင်းသူများကို သင်ခန်းစာ ခြောက်ခုဖြင့် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့် ပညာသင်နှစ်တွင် သူငယ်တန်း များကို အသစ်ပြောင်းလဲ သင်ကြားပေးမည့် သင်ရိုးညွှန်းတမ်း တွင် လက်ရှိ ယခုနှစ်အထိ သင်ကြားနေသော အခြေခံစာပေ သဘောတရားများ အကြောင်းကို ထည့်သွင်း သင်ကြား စေမည် မဟုတ်ဘဲ ကလေးများ၏ ဖွံ့ဖြိုးမှုကို ဦးတည်သော နယ်ပယ် ခြောက်ခုဖြင့် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြောင်းလဲ သင်ကြားပေးမည့် သင်ခန်းစာ ခြောက်ခုမှာ သင်ယူ ဖွံ့ဖြိုးမှု နယ်ပယ်၊ စာရိတ္တမိတ္တ နှင့် စိတ်လှုပ်ရှားမှု ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု နယ်ပယ်၊ အပြန်အလှန် ပြောဆို ဆက်သွယ်ခြင်း၊ သင်္ချာ အခြေခံများကို လေ့လာခြင်း၊ အနုပညာရသ ခံစားမှုနှင့် ဖန်တီးခြင်း နယ်ပယ်၊ ပတ်ဝန်းကျင် လောကကို သိရှိနားလည် စေခြင်းတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်ခန်းစာ များကို သင်ကြား ပေးခြင်းသည် နိုင်ငံတကာမှ ကလေးများသည် စာကိုသာ အဓိကထား သင်ကြားခြင်း မဟုတ်ဘဲ အနာဂတ်၏ ကလေးငယ် များအား ရေရှည် ဖွံ့ဖြိုးမှုကို ဦးတည်သည့် သင်ခန်းစာ များကိုသာ သင်ကြား ကြခြင်းကြောင့် ပြည်တွင်းရှိ ကလေးများ ကိုလည်း သူငယ်တန်းမှ စတင်၍ ဖွံ့ဖြိုးရေး ဘာသာရပ် များကို သင်ကြားပေးရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း CESR မှ သိရသည်။

ထိုသို့ သင်ကြား ပေးရာ၌ ကလေးများ၏ တတ်မြောက်မှုနှင့် ပတ်သက်၍ အကဲဖြတ်ရာတွင် နယ်ပယ်ခြောက်ခု ကို အခြေခံကာ နယ်ပယ် တစ်ခုချင်း တတ်မြောက်မှု အတိုင်းအတာ ဖြင့် အကဲဖြတ် သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများကို တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် သင်ကြားချိန် လေးချိန်ဖြင့် ကလေး တစ်ဦး၏ အသက်အရွယ် အလိုက်၊ ဖွံ့ဖြိုးမှု နယ်ပယ်အလိုက် ရေးဆွဲ ထားကြောင်း သိရသည်။

အဆိုပါ သင်ရိုးသစ်ကို လာမည့်နှစ်တွင် သင်ကြားနိုင်ရန် နွေရာသီ ကျောင်းပိတ် ရက်များတွင် သူငယ်တန်း၌ သင်လျက်ရှိသော ဆရာ၊ ဆရာမများအား သင်တန်း ပေးသွားမည် ဖြစ်ကြောင်း၊ ယင်း သူငယ်တန်း သင်ရိုး ရေးဆွဲခြင်းကို ယူနီဆက်မှ ငွေကြေးကူညီ ပံ့ပိုးခြင်း အပြင် ပြည်တွင်းပြည်ပ ပညာရှင်များ ကလည်း ကူညီပံ့ပိုး ထားကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၉)

#Themyawadydaily

No comments:

Post a Comment