Pages

Monday, October 5, 2015

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀င်ရောက်ဖြေဆိုခွင့် လျှောက်လွှာပုံစံများ စတင်ရောင်းချ


ရန်ကုန် ၊ ၅-၁၀-၂၀၁၅

ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ ၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့် လျှောက်လွှာပုံစံ များကို အောက်တိုဘာ ၁ ရက်မှစတင် ရောင်းချပေး နေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ဝင်ခွင့်လျှောက်လွှာ များကို သတ်မှတ် နှုန်းထားဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ပြီး လျှောက်လွှာ တင်သွင်းရာတွင် မိမိ ဖြေဆိုမည့် ဘာသာတွဲ အမှတ်စဉ်အရ ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံ များကို အစိမ်းရောင်နှင့် ပန်းရောင်နှစ်မျိုး ခွဲခြား သတ်မှတ် ထားကြောင်း သိရသည်။

ပြင်ပမှ ဖြေဆိုမည့် လျှောက်လွှာ တင်သွင်းသူများ အနေဖြင့် စာမေးပွဲ ဝင်ကြေးကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံး များ၌ ကျသင့်ငွေ တံဆိပ်ခေါင်းများ ဝယ်ယူ၍ လျှောက်လွှာ၏ ဝဲဘက်ထိပ်တွင် ကပ်ကာ ဖြေဆိုသူ နေထိုင်သည့် မြို့နယ် ပညာရေးမှူး ရုံးတွင် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား၍ လျှောက်လွှာ တင်သွင်း နိုင်ကြောင်း သိရသည်။

အခြေခံပညာ အထက်တန်း ကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်း များနှင့် ကိုယ်ပိုင် အထက်တန်း ကျောင်းများမှ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဖြေဆိုမည့် လျှောက်လွှာ များကို ကျောင်းအုပ်မှ တစ်ဆင့် စာမေးပွဲ ဝင်ကြေး ကျသင့်ငွေနှင့် တံဆိပ်ခေါင်းများ ဝယ်ယူ၍ လျှောက်လွှာ တစ်စောင်ချင်းတွင် ကပ်ကာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန သို့ အောက်တိုဘာ ၃၁ ရက်အတွင်း သတ်မှတ်ရက် အမီ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝင်ခွင့်လျှောက်လွှာ ပုံစံများနှင့် ငွေသွင်း တံဆိပ်ခေါင်း များကို နေပြည်တော် ရုံးအမှတ် (၅၂) မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ရုံးချုပ်၊ လှိုင်မြို့နယ် လှိုင်တက္ကသိုလ် နယ်မြေ ရန်ကုန်တိုင်း ဒေသကြီး မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန (ဇွဲကပင်ဆောင်) နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အမှတ် (၁၆၆) လသာလမ်း ရန်ကုန်မြို့ တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment