Pages

Wednesday, October 21, 2015

ပင်လယ်ပြင်မှ အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားသည့် မြန်မာနိုင်ငံသားများကို နိုဝင်ဘာလတွင် ထပ်မံခေါ်ဆောင်သွားမည်ဟု သိရ


ရန်ကုန် ၊ ၂၁-၁၀-၂၀၁၅

မြန်မာနိုင်ငံသား များမှ ငါးဖမ်းခြင်းကြောင့် ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်စေ အိန္ဒိယနိုင်ငံ နယ်နိမိတ် အတွင်းသို့ ရောက်ရှိခြင်း များဖြင့် ဖမ်းဆီးခံ ရသော မြန်မာနိုင်ငံသား များကို နိုဝင်ဘာ ၇ ရက်တွင် ပြန်လည် ခေါ်ဆောင်လာမည် ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ ရေလုပ်သား အများစုမှာ နှစ်နိုင်ငံ ရေပိုင်နက် အနီး ငါးဖမ်းရာမှ ရေပိုင်နက် ကျော်လွန်ခြင်း၊ လေမုန်တိုင်း ဒဏ်ကြောင့် စက်လှေပျက်ခြင်း ၊ နစ်မြှုပ်ခြင်း ။ ရေပိုင်နက် ကျော်ပြီး ပင်လယ်မျှော့ ဖမ်းခြင်းများ ကြောင့် အိန္ဒိယရေတပ်မှ ဖမ်းဆီးခြင်းများ ခံရ၍ ရောက်သွားကြ သူများကို အိန္ဒိယနိုင်ငံ၏ ဥပဒေအရ အရေးယူ အပြစ်ပေးပြီး အကျဉ်းထောင်မှ လွတ်သောအခါ Open Distress Camp မှာ နေထိုင်စေပြီး မြန်မာ နိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြီးသူများကို နိုင်ငံခြားရေး ဝန်ကြီးဌာန မှတစ်ဆင့် နှစ်နိုင်ငံ ညှိနှိုင်းမှုနှင့် ပြန်လည် ခေါ်ယူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့ အကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံပြီး Open Distress Camp မှ ထိန်းသိမ်း ထားသော မြန်မာနိုင်ငံသား ဖြစ်ခြင်းကို မှန်ကန်ကြောင်း စိစစ်ပြီးသူ ၁၅၈ ဦးကို ပြီးခဲ့သောနှစ်များ နည်းတူ ပြန်လည် ခေါ်ယူနိုင်မည် ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပြီးခဲ့သော လများတွင် ရေလုပ်သားများ ပြန်လည် ခေါ်ယူခြင်းများကို လေကြောင်း၊ ရေကြောင်းလိုင်း များဖြင့် ခေါ်ယူခြင်းများ ရှိပြီး ယခုလတွင် လေကြောင်း လိုင်းဖြင့် ခေါ်ဆောင်မည် ဖြစ်ပြီး နိုင်ငံတော် ဘက်ဂျက်ဖြင့် ခေါ်ဆောင်ခြင်း ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ၁၅ဝ ဦး ၊ ဇန်နဝါရီ ၁၈ ရက်တွင် ၁၅ဝ ဦး၊ ဇန်နဝါရီ ၁၉ ရက်တွင် ၁၁၁ ဦးကို ပြန်လည် ခေါ်ယူခဲ့ရာတွင် ဧရာဝတီတိုင်း ဒေသကြီးမှ ၃၅၆ ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ လေးဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ တစ်ဦး၊ ရခိုင်ပြည်နယ် မှ ၅ဝ ဦး စုစုပေါင်း ၄၁၁ ဦးအထိ ခေါ်ယူနိုင်ခဲ့ပြီး ယခုအခါ နိုဝင်ဘာ ၇ ရက်တွင် ၁၅၈ ဦး ပြန်လည် ခေါ်ဆောင် လာမည် ဖြစ်ကြောင်း သိရသည်။

ခင်စန္ဒာထွန်း

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment