Pages

Wednesday, October 7, 2015

အိန္ဒိယနိုင်ငံက ပြန်လည်အသုံးချ နိုင်သော စွမ်းအင်များကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရရှိရေး လုပ်ငန်းများ လုပ်ဆောင်မည်


နယူးဒေလီ ၊ ၇-၁၀-၂၀၁၅

ကမ္ဘာပေါ်တွင် ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှု တတိယ အများဆုံး နိုင်ငံကြီးဖြစ်သော အိန္ဒိယနိုင်ငံက လာမည့် ၂ဝ၃ဝ ပြည့်နှစ် ရောက်လျှင် ကာဗွန်ဓာတ်ငွေ့ လျှော့ချနိုင်ရေး အတွက် ပြန်လည် အသုံးချနိုင်သော စွမ်းအင်များကို အသုံးပြုပြီး နိုင်ငံအတွက် လိုအပ်သော လျှပ်စစ် ဓာတ်အား ထုတ်ယူရရှိရေး လုပ်ငန်းများ၏ ၄ဝ ရာခိုင်နှုန်းတွင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာလ၌ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော် တွင် ကုလသမဂ္ဂ အဖွဲ့ကြီးမှ ကြီးမှူး ကျင်းပမည့် ကမ္ဘာ့ ရာသီဥတုဆိုင်ရာ အစည်းအဝေးကြီး မစတင်မီ အိန္ဒိယနိုင်ငံ အစိုးရက မိမိတို့နိုင်ငံ မှ လျှော့ချ ပေးနိုင်မည့် ကာဗွန် ဓာတ်ငွေ့ ပမာဏကို ကြိုတင် ပြောလိုက်သည့် သဘော ဖြစ်စေသည်။ 

အိန္ဒိယ အစိုးရက မိမိတို့နိုင်ငံ သည် ၂ဝ၂ဝ ပြည့်နှစ် ရောက်လျှင် ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချ ပေးနိုင်မည် ဟု ကြိုတင်လေသံ ပေးခဲ့သည်။ ပြီးခဲ့သော ရက်သတ္တပတ် အတွင်း က နယူးယောက်မြို့ ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ပုပ်ရဟန်းမင်းကြီး က အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကာဗွန်ဓာတ်ငွေ့ အထုတ်လုပ်ဆုံး နိုင်ငံဟု ကြေညာ သွားခဲ့သည်။ ယနေ့ကာလ ကာဗွန်ဓာတ်ငွေ့ အများဆုံး ထုတ်လုပ် နေမှုများသည်  စက်မှု တော်လှန်ရေးကြီး စတင် ကတည်းက ကာဗွန်ဓာတ်ငွေ့ များ ကို အကြီးအကျယ် ထုတ်လွှတ်ခဲ့သူ များဖြစ်ကြောင်း ကိုပါ ရှင်းပြခဲ့သည်။

အိန္ဒိယအစိုးရ၏ တင်ပြချက် များ၌ အနာဂတ် ကာလများတွင် အိန္ဒိယ အစိုးရသည် သန့်ရှင်းသော စွမ်းအင်များ အသုံးပြုခြင်း၊ နေရောင်ခြည်မှ လျှပ်စစ်စွမ်းအား ထုတ်လုပ် သွားမည့် အစီအစဉ် များပါ ပါရှိသည်။ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ သည် သန့်ရှင်း သော စွမ်းအင် သုံးစွဲရေးကို အားပေးသူ ဖြစ်ပြီး ၄င်း၏ ကတိအတိုင်း ၂ဝ၃ဝ ပြည့်နှစ်တွင် သစ်တောကြီးများ တိုးချဲ့လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ရေးရာဝန်ကြီးက ရှင်းပြသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် စွမ်းအင် နှင့်ရာသီဥတု ဆိုင်ရာ စုံစမ်းရေး အဖွဲ့မှ သုတေသီ ဂျာမန်နာကန်စီ က အိန္ဒိယအစိုး၏ ကတိကို ဂုဏ်ပြုလိုက်ပြီး အိန္ဒိယ အစိုးရ၏ ကတိသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု အရေးကိစ္စနှင့် အလွန်အရေး ပါသော လှုပ်ရှားမှုကြီး ဖြစ်ကြောင်း ရှင်းပြသည်ဟု သိရသည်။

#Yadanarpondaily

No comments:

Post a Comment