Pages

Monday, October 12, 2015

မြန်မာလေယာဉ်မောင်း အကယ်ဒမီ သင်တန်းကျောင်းတွင် အင်ဂျင်နှစ်လုံးတပ် လေယာဉ်ဖြင့် သင်ကြားပေးနိုင်တော့မည်



ရန်ကုန် ၊ ၁၂-၁၀-၂၀၁၅

ပြည်တွင်းရှိ မြန်မာ လေယာဉ်မောင်း အကယ်ဒမီ သင်တန်းကျောင်းတွင် လာမည့် ဒီဇင်ဘာလမှ စပြီး အင်ဂျင် နှစ်လုံးတပ် လေယာဉ်ဖြင့် လေ့ကျင့် သင်ကြား ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လေ့ကျင့်သင်ကြား နိုင်စေရန် အင်ဂျင် နှစ်လုံးတပ် လေယာဉ်ကို သြစတြီးယား နိုင်ငံမှ အမေရိကန် ဒေါ်လာ ငါးသိန်းကျော်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ယင်းလေယာဉ် သည် လေးဦး စီးနိုင်သော လေယာဉ်ဖြစ်ပြီး
တစ်ကြိမ်လျှင် ၇ နာရီကြာ ပျံသန်း နိုင်ကြောင်း၊ ထို လေယာဉ်ကို မြန်မာ လေယာဉ်မောင်း အကယ်ဒမီ သင်တန်းကျောင်း အတွက် သာမက သဘာဝ ဘေးအန္တရာယ် နှင့် ပတ်သက်သော လုပ်ငန်းများ တွင်လည်း အသုံးပြု သွားရန် စီစဉ် ထားကြောင်း သိရသည်။

ယခုလက်ရှိတွင် မြန်မာ လေယာဉ်မောင်း အကယ်ဒမီ သင်တန်းကျောင်း ၌ အင်ဂျင် တစ်လုံးတပ် လေယာဉ်ဖြင့် သင်တန်းသား ၄၆ ဦးကို နှစ်သုတ်ခွဲကာ သင်ကြားပေး နေပြီး ယခုထပ်မံ ရောက်ရှိလာသော အင်ဂျင် နှစ်လုံးတပ် လေယာဉ်ကိုလည်း သင်တန်းသား တစ်ဦးလျှင် ၂၅ နာရီကြာ လေ့ကျင့် မောင်းနှင်ခွင့် ရရှိကြမည် ဖြစ်သည်။

အဆိုပါ သင်တန်းသား များသည် သင်တန်း ပြီးဆုံးချိန်တွင် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပေးအပ်သော လိုင်စင်ကို ရရှိကြမည် ဖြစ်သည့် အတွက် ပြည်တွင်း လေကြောင်းလိုင်း များတွင် တွဲဖက် လေယာဉ်မှူး အဖြစ် တာဝန် ထမ်းဆောင်ခွင့် ရရှိနိုင်ကြောင်း သိရသည်။

အဆိုပါ မြန်မာ လေယာဉ်မောင်း အကယ်ဒမီ သင်တန်းကျောင်း ကို ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် ၂ဝ၁၃ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းအတွက် လိုအပ်သော မြေနေရာ၊ အဆောက်အအုံများ၊ လေယာဉ်များကို ထူးဖောင်ဒေးရှင်း မှ စီစဉ် ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment