Pages

Wednesday, October 21, 2015

မြစ်ချောင်းအင်းအိုင် တိမ်ကောပျောက်ပျက်မှု မရှိစေရေး တားမြစ်ထားသည့် တရားမ၀င် ရွှေရှာဖွေမှုရှိနေဆဲ



ကသာ ၊ ၂၁-၁၀-၂၀၁၅

မြစ်ချောင်းများ သဘာဝ ရေလမ်းကြောင်း ပြောင်းလဲမှု မဖြစ်ပေါ် စေရေးနှင့် ရေနေသားငါး တိရစ္ဆာန်များ မျိုးပွားမှု ထိခိုက်စေမှု မရှိစေရန် နိုင်ငံတော်မှ ချမှတ်တားမြစ် ဥပဒေအရ အရေးယူ ဆောက်ရွက်ရန် လမ်းညွှန်ချက် ရှိသော်လည်း စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် စီးမှော်ကျေးရွာ အနီး မိုင်းတုံချောင်း မှ စီးဆင်းသည့် တောင်ချောင်းနှင့် မှန်လုံးချောင်း ဆုံရာချောင်းအနီး တစ်ဝိုက်တွင် စက်ယန္တရားများ အသုံးပြု၍ ရွှေသတ္တုများ တူးဖော် ရှာဖွေလျက် ရှိကြောင်း သိရသည်။

ရွှေသတ္တု တူးဖော် ရှာဖွေနေရာတွင် ဘက်ဟိုးကား များဖြင့် အပေါ်မြေဇာ များကို ချောင်းအတွင်း ပြန်လည် စွန့်ပစ်ကာ ခြောက်လုံးထိုး စက်ကြီးများတွင် ခြောက်လက်မ ပိုက်ဖြင့် သွယ်တန်ပြီး ရေကျိုသယ်ယူ စက်အကူဖြင့် ရွှေမျောစင်မှ ရေနှောက်များကို ချောင်းအတွင်းသို့ နေ့စဉ် စွန့်ပစ်လျက် ရှိသည်။

အဆိုပါ တရားမဝင် ရွှေသတ္တု တူးဖော်ခြင်း များကြောင့် ချောင်းကမ်းပါးများ ရေတိုက်စား ခြင်းကြောင့် ကျေးရွာများ ရေတိုက်စားခြင်း နှင့် ချောင်းများ တိမ်ကောလာကာ ကျယ်ဝန်း လာခြင်းများ ဖြစ်ပေါ်ရသည်။

အဆိုပါ တရားမဝင် ရွှေသတ္တု တူးဖော်ခြင်း များကြောင့် ချောင်းကမ်းပါးရှိ ကျေးရွာများ ရေတိုက်စားခြင်း၊ ချောင်းများ တိမ်ကောကျယ်ဝန်း လာခြင်း၊ ချောင်းအတွင်းရှိ ရေများအမြဲ နောက်ကျိနေ၍ နေ၍ ရေနေ သတ္တဝါများ မျိုးသုဉ်း ပျောက်ကွယ် လာပြီး ဒေသ၏ ကျွဲ၊နွားများ အတွက်ပါ သောက်ရေ အခက်အခဲ ဖြစ်လာခြင်းကြောင့် ဗန်းမောက်မြို့နယ် စီးမှော်ကျေးရွာ ရှိ အိမ်ခြေ ၁၃၄ အိမ်၊ အိမ်ထောင်စု ၁၃၄ စု နေထိုင်ရာ ကျေးရွာအနီး တရားမဝင် ရွှေတူးဖော် နေမှုကို သက်ဆိုင်ရာ များမှ ကွင်းဆင်း ကြပ်မတ် စစ်ဆေးပြီး ရာသက်ပန် ပိတ်ပင်ပေး သင့်ကြောင်း ဒေသခံပြည်သူ များက ပြောပြ၍ သိရသည်။

ငွေအိုး (ကသာ)

No comments:

Post a Comment