Pages

Friday, October 30, 2015

ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းကို ပြည်တွင်းပြည်ပ ပညာရှင်များအဖွဲ့က အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်



ရန်ကုန် ၊ ၃၀-၁၀-၂၀၁၅

ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်း (Comprehensive Education Sector Review- CESR) ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ ပါဝင်သည့် အဖွဲ့များက အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပထမအဆင့် အနေဖြင့် အချိန်တို အတွင်း အကဲဖြတ်ခြင်း၊ ဒုတိယ အဆင့်တွင် အသေးစိတ် လေ့လာ ဆန်းစစ်ခြင်းနှင့် တတိယ အဆင့်တွင် ပညာရေးကဏ္ဍ စီမံကိန်း ရေးဆွဲခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး CESR ၏ ပညာရေးကဏ္ဍ ငါးနှစ် စီမံကိန်း (၂ဝ၁၆-၂ဝ၂ဝ) ကိုလည်း ပြုစုထားပြီး ဖြစ်ကြောင်း သိရသည်။

လာမည့် ၂ဝ၁၆-၂ဝ၁၇ ပညာ သင်နှစ်တွင် သူငယ်တန်း၏ သင်ရိုးအသစ် ပြောင်းလဲ သင်ကြားမည့် အစီအစဉ်ကို စတင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ရာ အဆိုပါ သင်ရိုးအသစ် ပြောင်းလဲ သင်ကြားခြင်းကို ပြဋ္ဌာန်းပြီးသည့် အမျိုးသား ပညာရေး ဥပဒေနှင့်အညီ ပြုလုပ်ခြင်း ဖြစ်သည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အခမဲ့ ပညာရေး အတွက် စုစုပေါင်း ငွေကျပ် ၂၉ ဘီလီယံ သုံးစွဲခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား ငါးသန်းအတွက် တစ်ဦးလျှင် ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်း ဝတ်စုံတစ်စုံစီ ကို လည်းကောင်း၊ အလယ်တန်း ကျောင်းသား ၂ ဒသမ ၈ သန်းကျော် အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ် များကို လည်းကောင်း၊ အထက်တန်း ကျောင်းသား ရှစ်သိန်းကျော် အတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များကို လည်းကောင်း အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily

No comments:

Post a Comment