Pages

Thursday, October 22, 2015

တပ်မတော်မှတိုက်ပွဲတံဆိပ် (ရွှေလင်းယုန်)နှင့် တိုက်ပွဲတံဆိပ် (လောက်ကိုင်) တို့ကိုပြဋ္ဌာန်း



နေပြည်တော် ၊ ၂၂-၁ဝ-၂ဝ၁၅

တပ်မတော်သည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး နှင့် လက်တွဲကာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက် တပ်မတော်သား များ၏ အသက်၊ သွေး၊ ချွေးနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း များကို ပေးဆပ်ပြီး တိုက်ပွဲဝင်လျက် ရှိသည်။ ထိုသို့ တိုက်ပွဲဝင် ခဲ့ကြသော တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ စစ်မှုထမ်း များအား ဂုဏ်ပြုချီးမြှင့်ရန် အတွက် တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်) နှင့် တိုက်ပွဲတံဆိပ်(လောက်ကိုင်) တို့ကို ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ကာကွယ်ရေးဌာန ကောင်စီ အထူး အမိန့်အမှတ်၊ ၁၇/အထူး/၂ဝ၁၅ ဖြင့်ပြဋ္ဌာန်း လိုက်ကြောင်း သိရှိရသည်။

တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်) အား ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်မှစ၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း တိုင်းအောင် စစ်ဆင်ရေးတွင် ကိုယ်တိုင် ပါဝင် တိုက်ခိုက်ခဲ့သူ တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်မှုထမ်း များကို လည်းကောင်း၊ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ မှစ၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ လဂျားယန် ဒေသ ရွှေလင်းယုန် စစ်ဆင်ရေး ၌ ကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့သူ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်း များကို လည်းကောင်း၊ ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နောက်ပိုင်း နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ စွာဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက် ရှိသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်း များကို လည်းကောင်း အသီးသီး ချီးမြှင့်သွားမည် ဖြစ်သည်။

တိုက်ပွဲတံဆိပ် (လောက်ကိုင်)အား ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ပြည်သာယာ စစ်ဆင်ရေးတွင် ကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့သူ တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းများ ကိုလည်းကောင်း၊ ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက် နောက်ပိုင်း နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ စွာဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက် ရှိသည့် တပ်မတော် (ကြည်း၊ရေ၊ လေ) စစ်မှုထမ်း များကို လည်းကောင်း အသီးသီး ချီးမြှင့်သွားမည် ဖြစ်သည်။

အဆိုပါ ပြဋ္ဌာန်း လိုက်သည့် တိုက်ပွဲတံဆိပ် နှင့်ပုံစံတူ တံဆိပ်ငယ် များကို သတ်မှတ်ထားသော အရည်အချင်း သတ်မှတ်ချက် များနှင့် ပြည့်စုံ၍ တပ်ဆင်ခွင့် ရသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်း များသည် ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်ပါ သတ်မှတ်ချက်များ အတိုင်း လက်ဝဲဘက် ရင်ဘတ်တွင် တပ်ဆင် သွားကြရမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၁)

#Themyawadydaily

No comments:

Post a Comment